Tuesday, November 22, 2016

လူငယ်အသံ (U-Report) မိတ်ဆက်ခြင်းအခမ်းအနား ပြုလုပ်ကျင်းပ

မော်လမြိုင်      နိုဝင်ဘာ         ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် Unicef တို့ပူးပေါင်း၍ လူငယ်အသံ (U-Report) မိတ်ဆက်ခြင်းအခမ်းအနားကို သံလွင်ဥယျာဉ်ပန်းခြံအတွင်းရှိ မြက်ခင်းပြင် ပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုင်းတိုင်းရင်းသားဝန်ကြီး ဒေါ်စံဝင့်ခိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး Mr.Arine Cecil Viallen မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် လူငယ်များမေးမြန်းထားသည့် Facebook Account များမှ မေးခွန်း (၁၁)ခုအား မေးမြန်းရာ ပအိုင်းတိုင်းရင်းသားဝန်ကြီး ဒေါ်စံဝင့်ခိုင်မှ ရှင်းလင်းပြောကြားကာ U-Report အဖွဲ့ဝင် လူငယ်များမှ U-Report အစီအစဉ်တွင် စာရင်းသွင်းပုံအဆင့်ဆင့်အား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုင်းတိုင်းရင်းသားဝန်ကြီး ဒေါ်စံဝင့်ခိုင်၊ မွန်ပြည်နယ် အခြေစိုက် Unicef မှ Mr.Arine Cecil Viallen နှင့် စိတ်ပါဝင်စားသူ စုစုပေါင်း လူအင်အား(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ် ပြန်/ဆက်

No comments:

Post a Comment