Tuesday, November 22, 2016

ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အထိမ်းအမှတ်နေ့ ဆောမြို့တွင်ကျင်းပ

ဆော နိုဝင်ဘာ ၂၂
(၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အထိမ်းအမှတ်နေ့ဖွင့်ပွဲကို ဂန့်ဂေါခရိုင် ဆောမြို့ သီဟသူရညိုအေးခန်းမ၌ နိုဝင်ဘာ ၂၀ ရက်က လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် SAVE THE CHILDREN အဖွဲ့က ကြီးမှူးကျင်းပရာ KG တန်း ရင်သွေးငယ်များ၏ ကလေးဘဝ ပျော်ရွှင်ဖွယ်ရာ တေးသံသာ များဖြင့် အခမ်းအနား ကိုဖွင့်လှစ်သည်။



အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးဘီကူးဒူ က ကလေးများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစွာဖြင့် စာပေသင်ကြားတတ်မြောက်နိုင်ရေး၊ SAVE THE CHILDREN အဖွဲ့မှ Field Officer ဒေါ်စိမ်းမြတ်သူက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အထိမ်းအမှတ် နေ့အကြောင်းတို့ကို ရှင်းလင်းပြောကြားကြပြီး အဆိုပါနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဆုများကို တာဝန်ရှိသူ များက ချီးမြှင့်ကြ သည်။

ခရိုင်ပြန်/ဆက်(ဂန့်ဂေါ)

No comments:

Post a Comment