Tuesday, November 22, 2016

မုဒုံမြို့နယ်တွင် ပိုင်ရှင်မဲ့မော်တော်ယာဉ် (၁)စီး ဖမ်းဆီးရမိ


မုဒုံ      နိုဝင်ဘာ         ၂၂
မွန်ပြည်နယ်၊ မုဒုံမြို့တွင် နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက် (၉)နာရီ အချိန်ခန့်က  ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ဒုရဲအုပ် အေးမင်းသန်းနှင့် တပ်ဖွဲ့ဝင်များသည် မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတွင် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ထိန်းသိမ်းဆောင်ရွက်နေစဉ် အဆိုပါကျေးရွာရှိ ကန်ကလေး ဥယျဉ်ခြံအနီး ယာဉ်(၁)စီး အချိန်ကြာမြင့်စွာ ရပ်တန့်ထားကြောင်း  သတင်းအရ သွားရောက်စစ်ဆေးခဲ့သည်။

ယင်းသို့စစ်ဆေးရာတွင် NISSAN အမျိုးအစား၊ အဖြူရောက်ယာဉ်အမှတ် 2I/---- အားတွေ့ရှိပြီး ယာဉ်ပိုင်ရှင်ဖြစ်သူမှ ပြန်လည် ရယူနိုင်ရေးအတွက် စုံစမ်းစောင့်ဆိုင်းနေခဲ့သော်လည်း လာရောက်  ဆက်သွယ်ခြင်း မရှိသဖြင့် ပိုင်ရှင်မဲ့ယာဉ်အဖြစ် သိမ်းဆည်းခဲ့သည်။
အဆိုပါယာဉ်အား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားသည့် ယာဉ် ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး လိုင်စင်မဲ့ယာဉ်များဖြစ်ပါက ကျင့် ၅၂၃/၅၂၄ အရ ပြည်သူ့ဘဏ္ဍာသိမ်းမိန့် ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မုဒုံ (ပြန်/ဆက်)

No comments:

Post a Comment