Tuesday, November 22, 2016

Two cars carrying philanthropic workers attacked in Muse, one man seriously injured

November 22, 2016
A combined force of KIA, TNLA and MNDAA opened fire on two vehicles owned by the Myittamon Philanthropic team in Muse township and the Parami Civil Society while the cars were heading to the 105-mile trade zone to help displaced people, according to the state counselor's office Information committee.

The Philanthropic teams left for the trade zone after they heard that displaced people had arrived in Lwein village, a combined force of KIA, TNLA and MNDAA shot at them with light firearms from an uphill site.
In the incident, Ko Ye Min Aung (23) from the Myittamon Philanthropic team was hit in the chest. Instead of going on to the camp, the vehicle went back to Muse hospital with the injured man on board. The injured man is still receiving medical treatment at the Muse people's hospital.

KIA ၊TNLA နှင့် MNDAA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ပရဟိတ လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော် နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၌ KIA၊ TNLA နှင့် MNDAA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသာမက ပြည်သူများလည်း ထိခိုက်သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျက်ရှိရာ ယနေ့ညနေ ၄ နာရီခန့်ကလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှစစ်ဘေးရှောင်ပြည်သူများကို ကူညီကယ်ဆယ်ရန် သွားရောက်သည့် မူဆယ်မြို့မှ မေတ္တာမွန် လူမှုကူညီရေးအသင်း၊ ၁၀၅ မိုင် ပါရမီလူမှုကူညီရေးအသင်းတို့မှ မှန်လုံမော်တော်ယာဉ်နှစ်စီးကို KIA၊ TNLA နှင့် MNDAA လက်နက်ကိုင်တပ်ဖွဲ့များက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ လူမှုကူညီရေးအသင်းမှမော်တော်ယာဉ်နှစ်စီးသည် လွယ်အင်ကျေးရွာနှင့်အနီး ပတ်ဝန်း ကျင်၌် စစ်ဘေးရှောင်ဒုက္ခသည်များ ရောက်ရှိနေကြောင်းသိရှိရသဖြင့် အကူအညီပေးရန် သွားရောက်စဉ် KIA၊ TNLA နှင့် MNDAA လက်နက်ကိုင်အဖွဲ့များကဘုရားကုန်းလမ်းဘေး တောင်ကုန်းမှ လက်နက်ငယ်ဖြင့် လေးချက်ပစ်ခတ်ခဲ့ရာမေတ္တာမွန်လူမှုကူညီရေးအသင်း ယာဉ်ပေါ်၌ လိုက်ပါလာသော ရွှေလီမြို့နေကြင်နာနွေးထွေး ပရဟိတလူငယ်အသင်းမှ ကိုရဲမင်းအောင် (၂၃ နှစ်) (ဘ) ဦးချစ်၏ဝဲဘက်ရင်ဘတ်တွင် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းမော်တော်ယာဉ်မှာ လက်နက်ငယ် ထိမှန်မှုကြောင့် ဆက်လက်မသွားရောက်နိုင်ဘဲ ဒဏ်ရာ ရရှိသူနှင့်အတူ မူဆယ်မြို့သို့ ပြန်လည် ရောက်ရှိလာပြီး ညနေ ၄ နာရီခွဲခန့်တွင် မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

(သတင်းစဉ်)

No comments:

Post a Comment