Tuesday, November 22, 2016

ကူမဲ-ကဆွန်-သိမ်ကုန်း-အုန်းကုန်း ကျေးရွာချင်းဆက်လမ်းအား ကျာက်ချောလမ်းအဖြစ် ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မြစ်သား၊ နိုဝင်ဘာ  ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ ကူမဲ-ကဆွန်-သိမ်ကုန်း-အုန်းကုန်း ကျေးရွာချင်းဆက်လမ်း (၁)မိုင်အား ကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား  ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးကိုကိုအောင်က (၂၁-၁၁-၂၀၁၆) ရက်နေ့ နံနက် (၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

အဆိုပါ ကူမဲ-ကဆွန်-သိမ်ကုန်း-အုန်းကုန်း ကျေးရွာချင်းဆက်လမ်းပိုင်းသည် ကူမဲ၊ ကဆွန်၊ သိမ်ကုန်း၊ အုန်းကုန်း ကျေးရွာ အထိ (၁) မိုင် ရှည်လျားပြီး လက်ရှိ မြေသားလမ်းကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ယင်းကဲ့သို့ အဆင်မြှင်တင်ရာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တင်ဒါအောင်မြင်သည့် နေဖြိုးပြည့်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ လမ်း၏သတ်မှတ်စံနှုန်းများ အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်ရန် တာဝန်ရှိသူ များမှ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(မြစ်သား၊ပြန်/ဆက်)

No comments:

Post a Comment