Tuesday, November 22, 2016

International Humanitarian Groups allowed to enter Maungtaw

November 22, 2016
International Humanitarian groups have been allowed to enter Rakhine State to deliver aid, according to U Khin Maung Swe, Secretary of Rakhine State Government.

According to the current information, rumors are spreading that residents in the northern part of Maungtaw District are facing difficulties as they have not received international aid.
On November 3rd, officials showed international ambassadors and resident representative of the UN around places where incidents had happened.
U Khin Maung Swe continued said the State Government allowed the World Food Programme (WFP)  to enter Maung Taw region beginning November 4th and allowed them to provide necessary assistance. Moreover, UN organizations were permitted to give aid including drinking water, health care and caring to the students.


မောင်တောဒေသသို့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ ဝင်ရောက်ခွင့်ပြုမောင်တော
နိုဝင်ဘာ ၂၁
လူသားချင်းဆိုင်ရာအကူအညီများပေးနိုင်ရန် မောင်တောဒေသသို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ ဝင်ရောက်ခွင့်ပြုထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်အတွင်းရေးမှူး ဦးခင်မောင်ဆွေက ပြောကြားသည်။
လက်ရှိဖြစ်ပေါ်နေသော သတင်းများအရ မောင်တောဒေသမြောက်ပိုင်းရှိ ကျေးရွာများ၌ နိုင်ငံ တကာ အဖွဲ့အစည်းများထံမှ အကူအညီများမရရှိခြင်းအတွက် ပြည်သူများ ဒုက္ခရောက်နေသည့် ဆိုသည့် ကောလာဟလသတင်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။
အကြမ်းဖက်မှုဖြစ်ပွားရာဒေသများသို့ နိုဝင်ဘာ ၃ ရက်က နိုင်ငံတကာသံအမတ်ကြီးများနှင့် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်တို့ကို အမှန်တကယ် မြေပြင်၌ပကတိဖြစ်ပေါ်နေသည့် အခြေအနေများကို တာဝန်ရှိသူများက လိုက်လံပြသခဲ့သည်။
ပြည်နယ်အစိုးရအနေဖြင့် မောင်တောဒေသ၌ လိုအပ်သောအကူအညီများပေးနိုင်ရန်အတွက် နိုဝင်ဘာ ၄ ရက်မှ စပြီး WFP ကို ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း၊ ထို့အပြင် ကုလသမဂ္ဂ အဖွဲ့အစည်း များက နိုင်ငံတကာအကူအညီများ၊ ကျန်းမာရေး စောင့်ရှောက်မှုများအပါအဝင် ရေရရှိရေး၊ ကျောင်းသားလူငယ်များ စောင့်ရှောက်ရေး ကိစ္စဆောင်ရွက်နိုင်ရန်ခွင့်ပြုပေးခဲ့ကြောင်း ပြည်နယ်အတွင်းရေးမှူးထံမှ သိရသည်။
သို့ရာတွင် မောင်တောဒေသသို့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ ဝင်ရောက်ခွင့်ပြုသည် ဆိုသော်လည်း မောင်တောမြို့ပေါ်အထိသာ ခွင့်ပြုထားကြောင်း မောင်တောမြောက်ပိုင်း ကျေးရွာ များအထိဝင်ရောက်ခွင့်ပြုနိုင်ရန် ဒေသအာဏာပိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လောလောဆယ်အခြေအနေတွင် နိုင်ငံတကာဝန်ထမ်းများ မောင်တော မြောက်ပိုင်း ကျေးရွာများသို့ ဝင်ရောက်အကူအညီ ပေးနိုင်ရန် အခြေအနေ ရှုပ်ထွေးလာနိုင်သည့် အတွက် ခွင့်မပြုသေးကြောင်း၊ ဒေသခံဝန်ထမ်းများမှတစ်ဆင့် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများပေးနိုင်ရန် ခွင့်ပြုထားကြောင်း ပြည်နယ်အတွင်းရေးမှူး ဦးခင်မောင်ဆွေက ပြောကြားသည်။
လက်ရှိအချိန်တွင် မောင်တောဒေသသို့ WFP၊ UNICEF၊ UNHCR၊ ICRC အစရှိသော နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနိုင်ရန် ပြည်နယ်အစိုးရက ဝင်ရောက်ခွင့်ပြုထားကြောင်း သိရသည်။
သတင်း-မြင့်မောင်စိုး

ဓာတ်ပုံ-နေလင်း(သတင်းစဉ်)

No comments:

Post a Comment