Friday, November 25, 2016

ချင်းပြည်နယ် SME မဟာဗျူဟာ အကောင်အထည်ဖော်ရေး ပေါင်းစပ်ညှိနှိုင်းမှုကော်မတီ အစည်းအဝေး ဟားခါး၌ကျင်းပ


ဟားခါး၊ နိုဝင်ဘာ ၂၅
ချင်းပြည်နယ်၊ SME မဟာဗျူဟာ အကောင်အထည်ဖော်ရေး ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက် နံနက်(၁၀)နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။



အစည်းအဝေးသို့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်သည်။ အစည်းအဝေးတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ၀န်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အမှာစကားပြောကြားသည်။
ထို့နောက် SME မဟာဗျူဟာ အကောင်အထည်ဖော်ရေး ပေါင်းစပ်ညှိနှိုင်းမှုကော်မတီ ဥက္ကဌ၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဆလိုင်းအိုက်ဇက်ခင်၊ ဒုတိယဥက္ကဌ၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါးလ်တို့က ချင်းပြည်နယ်အတွင်း အသေးစား/အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ ၁၃ ချက်ကို ရှင်းလင်းဆွေးနွေးပြီး မဟာဗျူဟာအောင်မြင်ရေးအတွက် ကော်မတီတွင် ပါဝင်သည့် ဌာနဆိုင်ရာ များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးသည်။
ဆက်လက်၍ ချင်းပြည်နယ်၊ SME မဟာဗျူဟာ အကောင်အထည်ဖော်ရေးပေါင်းစပ် ညှိနှိုင်းမှုကော်မတီ အတွင်းရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မဟာဗျူဟာ ၁၃ ချက်ဆောင်ရွက်ရာတွင် ပါဝင်သည့် ဌာနဆိုင်ရာ စာရင်းကို ရှင်းလင်းပေးပြီး၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူးနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ဌာနအလိုက်ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ဌာနအလိုက်ဆွေးနွေးတင်ပြချက်များအပေါ် SME မဟာဗျူဟာအကောင် အထည်ဖော်ရေး ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီ ဥက္ကဌက နိဂုံးချုပ်ရှင်းလင်းဆွေးနွေးပေးပြီး ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(ဟားခါး၊ ပြန်/ဆက်)

No comments:

Post a Comment