Friday, November 25, 2016

အထွက်​တိုးကြံသီးနှံ K(95/84) နဝ​ဒေးမျိုး ကွင်းပြပွဲ ဇီးကန်​​ကျေးရွာ၌ ပြုလုပ်

ရေဦး၊ နိုဝင်​ဘာ ၂၅
ရေဦးမြို့နယ်​ စို​က်ပျိုး​ရေးဦးစီးဌာနမှ ကြီးမှူး၍ အထွက်​တိုးကြံသီးနှံ K(95/84) နဝ​ဒေးမျိုး ကွင်းပြပွဲကို နိုဝင်​ဘာ  ၂၄ ရက်​ နံနက်​ ၉ နာရီက​ တောင်​သူ ဦးမြင့်​စိန်​ ဦးပိုင်​အမှတ်​( ၅/၆)ကွင်းအမှတ်​ (၂၂၄) ဇီးကန်​​ကွင်း၌ ကျင်းပ​ကြောင်း သိရသည်​။


ကွင်းပြပွဲတွင်​ စိုက်​ပျိုး​ရေးဦးစီးဌာန မြို့နယ်​ဦးစီးမှူး ဦးဥာဏ်​ဝင်းက ကြံစိုက်​ပျိုးခြင်းဖြင့်​ ရရှိနိုင်​သည့်​အကျိုး​ကျေးဇူးများ ကိုလည်း​ကောင်း၊ ဒုဦးစီးမှူး ဒေါ်ခင်​စန်းမြင့်​က ကြံမျိုး​ရွေးချယ်​ခြင်းနှင့်​ မျိုးစီရင်​ခြင်း၊ ​မြေပြုပြင်​ခြင်း၊ ပျိုး​ထောင်​ခြင်း၊ စိုက်​ပျိုးခြင်း၊ အပင်​ပြုစုခြင်း၊ ထည်​​ရေးလိုက်​ခြင်း၊ ခုတ်​သိမ်းခြင်းများကို အချိန်​ကိုက်​ပြုလုပ်​မည် ​ဆိုပါက တစ်​ဧက ကြံအထွက်​နှုန်း တန် ​(၈၀) ထွက်​ရှိမည် ​ဖြစ်​​ကြောင်း၊ သဘာဝ​ဘေးအန္တရာယ်​ ကျ​ရောက်​မှု မရှိပါက ကြံအထွက်​နှုန်း တိုးရန်​ ရာခိုင်​နှုန်းများမည်​မှာ​ သေချာကြောင်း၊ ကြံစိုက်​ပျိုးမည့်​​ တောင်​သူများ အတွက်​ ကြံမျိုးနှင့်​ စိုက်​ပျိုးစရိတ်​များကို ဌာနမှထုတ်​​ပေး​နေ​သည့်​အတွက်​​ ထွက်​ရှိလာမည့်​ကြံအထွက်​နှုန်း အ​ပေါ်မူတည်​ပြီး ကြံစိုက်​​တောင်​သူများအဖို့ အကျိုးအမြတ်​များ ရရှိလာမည်​ဖြစ်​​ကြောင်း ကြံကိုစနစ်​တကျဖြင့်​ နည်းစနစ်​မှန်​ကန်​စွာ စိုက်​ပျိုးပါက​ တောင်​သူများ မိသားစုဝင်​​ငွေ တိုးလာမည်​မှာ ​သေချာ​ကြောင်း ရှင်းလင်း​ ပြောကြားသည်​။
ထို့​နောက်​ တက်​​ရောက်​လာကြ​သော ​တောင်​သူ  ၂၅ ဦး တို့က စိုက်​ပျိုးဖြစ်​ထွန်း​နေ​သော ကြံစိုက်​ခင်းသို့ သွား ရောက် ​ကြည့်​ရှု ​လေ့လာခဲ့​ကြောင်း သိရှိရသည်​။

(ရေဦး၊ ပြန်/ဆက်)

No comments:

Post a Comment