Friday, November 25, 2016

လွိုင်ကော်မြို့၌ မူးယစ်ဆေးဝါးအသိပညာပေး ဟောပြော

လွိုင်ကော်၊ နိုဝင်ဘာ ၂၅
World Vision (လွိုင်ကော်)မှ ကြီးမှူးပြုလုပ်သည့်  အပြည်ပြည်ဆိုင်ရာကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် (၁ဝ) နာရီအချိန် က လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ စိန်ဂျိုးဇက်ဘုရားကျောင်း၌ ပြုလုပ်ရာ World Vision မှ လွိုင်ကော် စီမံကိန်းတာဝန်ခံ ဦးစောဂေးဘတ်ပါက အပြည်ပြည်ဆိုင်ရာ ကလေးများနေ့အခမ်းအနား ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး လွိုင်ကော် မူးယစ်တပ်စု(၂ဝ)မှ ရဲအုပ်သင်းအောင်အောင်မျိုးက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပြီး   မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဒေသခံ တိုင်းရင်းသား ပြည်သူ (၃ဝဝ) ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

(လွိုင်ကော်၊ ပြန်/ဆက်)

No comments:

Post a Comment