Tuesday, November 22, 2016

Rescue Camps opened in Muse for displaced people

November 22

Armed troops of KIA, TNLA and MNDAA attacked military outposts and police stations in Muse and Kutkai and the Muse 105th mile trade zone on 20th November, causing death and injury.


Due to the incident, aid and health care services are being provided to displaced people including temporary rescue camps, according to the Information committee of the State counsellor’s office.

2,636 displaced people have been evacuated to four monasteries and one Kachin Baptist Church in Muse and rice, purified drinking water, soft drinks, warm clothes and blankets have been provided to them.

The Shan State Government provided 300 bags of rice, 1000 instant noodle packages, and 475 sets of relief items to them. They also presented 500,000 to 1 million kyats for each deceased person and 100,000 kyats to 300,000 kyats for each injured person. Moreover, health care services are available to the evacuees via temporary clinics.

စစ်ဘေးရှောင် ပြည်သူများအတွက် မူဆယ်မြို့ ၌ ယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ် နေပြည်တော် နိုဝင်ဘာ ၂၁
KIA၊ TNLA နှင့် MNDAA လက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်း၍ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် အတွင်းရှိတပ်စခန်းများ၊ ရဲစခန်းများနှင့် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ သဖြင့် ပြည်သူများထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ကြသည်။
အဆိုပါ ဖြစ်စဉ်ကြောင့်စစ်ဘေးရှောင်ပြည်သူများကို ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ကူညီထောက်ပံ့မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေး ကော်မတီကသတင်းထုတ်ပြန်ထားသည်။
အဆိုပါ စစ်ဘေးရှောင် ပြည်သူ၂၆၃၆ ဦးကို မူဆယ်မြို့ပေါ်ရှိ နမ့်ခွနကျောင်း၊ မဟာဝန် မြောက်ကျောင်း၊ ဇေတဝန်ကမ္မဋ္ဌာန်းကျောင်း၊ အောင်မင်္ဂလာကျောင်းနှင့် ကချင်နှစ်ခြင်း ခရစ်ယာန်ကျောင်းများ၌ ယာယီကယ်ဆယ်ရေးစခန်းငါးခု ဖွင့်လှစ်၍နေရာချထားပေးပြီး နေ့စဉ် ထမင်းထုပ်၊ရေသန့်ဘူးနှင့် အချိုရည်များ၊ အနွေးထည်နှင့် ခြုံစောင်များ ဝေငှပေးလျက်ရှိပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဆန်အိတ် ၃၀၀၊ ခေါက်ဆွဲခြောက်ဖာ ၁၀၀၀၊ သေဆုံးသူ တစ်ဦးလျှင် ငွေကျပ်ကျပ်ငါးသိန်းမှ ဆယ်သိန်း၊ ဒဏ်ရာရသူတစ်ဦးလျှင် ငွေကျပ်ကျပ်တစ်သိန်းမှ ငွေကျပ် သုံးသိန်းနှုန်းနှင့် ကယ်ဆယ်ရေးပစ္စည်း၄၇၅ စုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် ယာယီ ဆေးခန်းများဖွင့်လှစ်၍ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment