Tuesday, November 22, 2016

ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ပထမအကြိမ် အစည်းအဝေး တောင်ငူမြို့တွင် ကျင်းပ

တောင်ငူ ၊ နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ပထမအကြိမ် အစည်းအဝေးကို တောင်ငူမြို့ ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဖွဲ့ရုံးတွင် နိုဝင်ဘာလ ၂၁ ရက် မွန်းတည့် ၁၂ နာရီ အချိန်က ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဥက္ကဌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော် က အဖွင့်အမှာစကားပြောပြီး ကော်မတီ ဒုတိယ ဥက္ကဌ (၁) နှင့် (၂) တို့က ထပ်မံအမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ  (JMC-S) အဖွဲ့ဝင် (၁၄) ဦးတို့က လုပ်ငန်းစဉ်များအလိုက် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

(တောင်ငူ၊ခရိုင်ပြန်/ဆက်)

No comments:

Post a Comment