Tuesday, November 22, 2016

(၉၆)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အကြို ဟောပြောပွဲနှင့် ပုံပြောပြိုင်ပွဲကျင်းပ

ခေါဇာ၊ နိုဝင်ဘာ ၂၁
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၉၆)နှစ်မြောက် အမျိုးသားနေ့ အထိမ်း အမှတ် အကြိုဟောပြောပွဲနှင့် ပုံပြောပြိုင်ပွဲကို နိုဝင်ဘာ (၂၁) ရက်၊ နေ့လည် ၁ နာရီက အဆိုပါကျောင်းတွင် ကျင်းပသည်။


ရှေးဦးစွာ အထက်တန်းပြဆရာ ဦးမင်းမြတ်ထူးက အမျိုးသားနေ့ဖြစ်ပေါ်လာရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြန်/ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ယဉ်ယဉ်နုက စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား သည်။
ဆက်လက်၍ ပုံပြောပြိုင်ပွဲကို ကျင်းပရာ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/သူ(၇)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြ သည်။ ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြန်/ဆက် ဦးစီးမှူးက ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား/သူ (၃)ဦးအား အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခေါဇာ(ပြန်/ဆက်)

No comments:

Post a Comment