Friday, November 18, 2016

Rakhine State Advisory Commission members visit Sittwe People’s Hospital

November 17, 2016
Members of Advisory Commission on Rakhine State visited Sittwe People’s Hospital on 17th November. They met with local ethnic people and those from rescue camps in Sittwe Township who were receiving medical treatment at the emergency ward.

They also saw patients from Thetkaepyin, Darpine, Bumay rescue camps in Sittwe Township and Myaypon and Pauktaw Townships respectively.

Afterward, they looked around the eye patient ward, installation of CT scanner, delivery room and child ward. Dr. U Shwe Thein Head of the Care Unit of the hospital took them around. The commission members then left Sittwe for Yangon in the afternoon.
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးအား သွားရောက် လေ့လာ
စစ်တွေ နိုဝင်ဘာ ၁၇ 
ရခိုင်ပြည်နယ်စစ်တွေမြို့၌ ရောက်ရှိနေသော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးရုံကြီး အရေးပေါ် ဌာန၌ တက်ရောက် ကုသမှု ခံယူလျက် ရှိသည့် ဒေသခံ တိုင်းရင်းသားများနှင့် စစ်တွေမြို့နယ်ရှိ ကယ်ဆယ်ရေး စခန်းများမှ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေကြသူများ အားတွေ့ဆုံ၍ သိရှိလိုသည်များကို မေးမြန်းကြသည်။ 
ဆက်လက်၍ ဆေးရုံ တက်ရောက်နေကြသည့် စစ်တွေမြို့နယ် သက်ကယ်ပြင်၊ ဒါးပိုင်၊ ဘုမေ ကယ်ဆယ်ရေးစခန်းများမှ လူနာများအား လည်းကောင်း၊ မြေပုံမြို့ နယ်၊ ပေါက်တော မြို့နယ် ကယ်ဆယ်ရေးစခန်းများမှ လူနာများအား လည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ဆေးရုံကြီး အတွင်းရှိ မျက်စိကုသဆောင်၊ အောက်ဆီဂျင် ဓာတ်ငွေ့ ထုတ်ယူ သုံးစွဲခန်း၊ CT Scnner စက်များတပ်ဆင်ထားမှု၊ သားဖွား ခန်းနှင့် ကလေး လူနာဆောင် တို့ကို လှည့်လည်ကြည့် ရှု့ရာ ပြည်နယ် ကုသရေး ဦးစီး ဌာနမှူး ဒေါက်တာ ဦးရွှေသိန်းက လိုက်လံ ရှင်း လင်း ပြသခဲ့သည်။ 
ကော်မရှင်အဖွဲ့သည် မွန်းလွဲပိုင်းတွင် စစ်တွေမြို့မှ လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့ သို့ ပြန် လည် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment