Friday, November 18, 2016

အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဥာဏ်စမ်း ပဟေဠိ ပြိုင်ပွဲ ပြုလုပ်ပေး

ပေါင် နိုဝင်ဘာ ၁၈
မွန်ပြည်နယ် ပေါင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း အမျိုးသားနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်နိုဝင်ဘာ၁၈ရက်မွန်လွဲ၁နာရီခွဲက အ.မ.က - မူလွန် ကဒါကမ်းနား ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဥာဏ်စမ်း ပဟေဠိပြိုင်ပွဲကို မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်ခန်းမ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပြန်/ဆက်မှ စာထောက်-၃ ဒေါ်မိယဉ်ယဉ်မွန်ကကျောင်းသား/ကျောင်းသူများ အား  ဒီခေတ်ကလေးတွေက အမျိုးသားနေ့ဘယ်လိုဖြစ်ပေါ်လာတာကို မသိကြဘူးလေ။ ခုဆို အိမ်တိုင်းမှာ ဖုန်းရှိ လာကြပြီး ကျောင်းပိတ်ရက်တွေမှာ ဖုန်းတွေသုံးနေမယ့်အစား စာကြည့်တိုက်မှာ စာလာဖတ်တဲ့အလေ့အကျင့် တွေရအောင်လုပ်ပေးရမယ်။ ဒါမှသူတို့လေးတွေ ကိုယ်နိုင်ငံရဲ့ နေ့ထူးနေ့မြတ်တွေ ရက်ကြီးခါကြီးတွေ သိလာ မှာပေါ့။ ကျွန်မတို့ဌာနအနေနဲ့လည်း ကလေးတွေ အသိပညာဗဟုသုတတိုးပွားလာအောင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ လက်မှုပညာအရုပ် ပန်းခေါက်နည်းပညာတွေကို လစဉ် သင်ကြားပေးနေပါတယ်။ ခုလည်း အမျိုးသားနေ့နဲ့ပက်သတ်တဲ့ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲကို ပြုလုပ်ပေးပါမည်ဟု ၄င်းက ပြောသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဥာဏ်စမ်းပဟေဠိပြိုင်ပွဲကို ပြုလုပ်ပေးကာ ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ပြီး တတ်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများနှင့်ဆရာ/ဆရာမများက ခင်းကျင်း ပြသထားသော ကလေးစာအုပ်/စာစောင်များ၊ နိုင်ငံတော်အစိုးရအဖွဲ့၏ တိုင်းကျိုးပြည်ပြုလုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ မြို့နယ်အတွင်းရှိလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ ကွမ်းစားခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပက်သက်သော စာစောင်များကို စိတ်ဝင်းစားစွာ ကြည့်ရှုခဲ့ကြပြီး စာပေ ရေချမ်းများကို ပေးဝေခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)


          

No comments:

Post a Comment