Friday, November 18, 2016

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (MPU) အစည်းအဝေး (၅/၂၀၁၆) ကျင်းပ


နေပြည်တော်၊ နိုဝင်ဘာ  ၁၈ 
မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union- MPU)အစည်းအဝေး (/၂၀၁၆) ကို ယနေ့မွန်းလွဲ နာရီခွဲက နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။       
ရှေးဦးစွာ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းဖွဲ့စည်းပုံကို သီးခြားစီခွင့်ပြုမိန့်ရရှိရေး ကူညီဆောင်ရွက် ပေးနိုင်ပါရန် နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာပေးပို့ထားပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ သဘောထား ကို နိုင်ငံတော်သမ္မတရုံးမှ ပေးပို့လာမှုအပေါ်


ယခင်အစည်းအဝေး (/၂၀၁၆)တွင် ဆွေးနွေးခဲ့ကြပြီး တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရုံးများ၏ ဖွဲ့စည်းပုံကို ပြည်ထောင်စုလွှတ်တော်ရုံး၏ ဖွဲ့စည်းပုံတွင် ထည့်သွင်းဆောင်ရွက်ရန်နှင့် ပြည်ထောင်စုလွှတ်တော်ရုံးကို မိခင်ဌာနအဖြစ် သတ်မှတ်ဆောင်ရွက်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတရုံးသို့ သဘောထားပြန်ကြားခဲ့ပါကြောင်း၊ နိုင်ငံတော် သမ္မတရုံးမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရုံးများ၏ ဖွဲ့စည်းပုံကို ပြည်ထောင်စု လွှတ်တော်ရုံး၏ ဖွဲ့စည်းပုံတွင် ထည့်သွင်းဖွဲ့စည်းရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရန်ပေးပို့ထားသည့် အချက် () ချက်ကို တက်ရောက်လာကြသည့် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းကြရန်ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် လွှတ်တော်၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ဒီမိုကရေစီမူဝါဒ သဘောထားပါ သည့် ဥပဒေများ ပြဋ္ဌာန်းနိုင်မှသာ သက်ဆိုင်ရာ အစိုးရအဖွဲ့များကလည်း ဥပဒေနှင့်အညီ အကောင်အထည်ဖော် အုပ်ချုပ်နိုင်မည်ဖြစ်ကြောင်း၊ လွှတ်တော်၏ အခန်းကဏ္ဍပီပီပြင်ပြင်ဆောင်ရွက်ရန်သီးခြားဝန်ထမ်းမရှိသဖြင့် အခြား ဌာနမှ ဝန်ထမ်းများကို မှီခိုအားထားနေရလျှင် အခက်အခဲရှိပါကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ် တော်ရုံးများ၏ ဖွဲ့စည်းပုံကို ပြည်ထောင်စုလွှတ်တော်ရုံး၏ ဖွဲ့စည်းပုံတွင် ထည့်သွင်းဖွဲ့စည်း ရေးကိစ္စ နှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသည့် အချက် () ချက်အနက်အကောင်း ဆုံးဖြစ်မည့် အချက်ကို ဆွေးနွေးညှိနှိုင်းရွေးချယ်ပြီး ပြန်လည်တင်ပြသွားရေးဆွေး နွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် က အစည်းအဝေး (/၂၀၁၆) ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များနှင့်မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ဝင်များ ဖြစ်ကြသော တိုင်းဒေ သကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများက လွှတ်တော်ရုံး သီးခြားစီ ဖွဲ့စည်းနိုင်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးမှ ပေးပို့လာသည့် အချက် () ချက်အပေါ် ယင်းတို့၏ သဘောထားများကို တင်ပြဆွေးနွေးကြပြီး ယခင်အစည်းအဝေးအမှတ်စဉ် (/၂၀၁၆) တွင် ဆုံးဖြတ်ခဲ့သည့် အတိုင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရုံးများဖွဲ့စည်းပုံကို ပြည်ထောင်စု လွှတ်တော်ရုံး၏ ဖွဲ့စည်းပုံတွင် ထည့်သွင်းဆောင်ရွက်ရန်နှင့် ပြည်ထောင်စု လွှတ်တော်ရုံးကို မိခင်ဌာနအဖြစ် သတ်မှတ်ဆောင် ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာအဖွဲ့အတွင်းရေးမှူး၊ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော်ဒုတိယ ဥက္ကဋ္ဌဦးအေးသာအောင်၊ မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာအဖွဲ့ ဝင်များ ဖြစ်ကြသော ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရာထူး ဝန်အဖွဲ့ အဖွဲ့ဝင်၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံး များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment