Friday, November 18, 2016

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၁၆)ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည် ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး အမှတ်စဉ် (၃/၂၀၁၆) ကို ယနေ့ မွန်းလွဲ ၂နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင် အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ဗဟိုကော်မတီဒုတိယဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ရှင်းလင်းတင်ပြသည်။
ထို့နောက်ဗဟိုကော်မတီဒုတိယဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင် ပြည်နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေမှု  အခြေအနေများကို ရှင်းလင်း တင်ပြ သည်။
ထိုသို့ ရှင်းလင်းရာတွင် နိုင်ငံတကာအဖွဲ့အစည်းများက မောင်တောဒေသသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးနေမှုနှင့် စပ်လျဉ်း၍ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP မှ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၄ရက်မှ နိုဝင်ဘာ ၁၅ ရက် အထိ ဆန် ၂၀၂ဒသမ၃၀၈တန်၊ ပဲ ၂၅ဒသမ၀၁၃တန်၊ ဆီ ၄ဒသမ၂၁၇တန်၊ ဆား ၂ဒသမ၃၇၄တန်၊ ဘီစကစ် ၃၅၁ဒသမ ၂၈၆တန်နှင့် အာဟာရမုန့် တန် ၂၀၀ ထောက်ပံ့ ပေးခဲ့ကြောင်း၊ ယင်းထောက်ပံ့မှုများကို WFP ဒေသခံ ၀န်ထမ်းများက ဖြန့်ဖြူးပို့ဆောင် ပေးခဲ့ခြင်းဖြစ်ကြောင်း။
အလားတူ WFP အနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သော ကြက်ရိုး ပြင်၊ ငါးစားကြူးနှင့် ပြောင်ပိုက်ကျေးရွာများသို့ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် လည်းကောင်း၊ ၀ါးပိတ်ကျေးရွာသို့ နိုဝင်ဘာ ၉ရက်နှင့် ၁၀ ရက်များတွင်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ဖြန့်ဖြူးခဲ့ရာ ဆန် ၁၀၁၁အိတ်နှင့် ၄၈ပြည်၊ ပဲ ၈၉အိတ်၊ ဆီ ၃၆၈၈ လီတာ၊ ဆား ၃၉၄ ပိသာနှင့် အခြား အာဟာရဖြည့် စွက် စားနပ်ရိက္ခာများ ထောက်ပံ့ကူညီခဲ့ပြီး ဖြစ်ကြောင်း၊ အလားတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့မှ လည်း စားနပ်ရိက္ခာများ ပံ့ပိုးကူညီလျက် ရှိကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်း ကော်မတီဥက္ကဌ ကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုကိုရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးက ရခိုင်ပြည်နယ်အတွင်း “ဒေသန္တရရဲတပ်ဖွဲ့” ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ သတင်းထွက် ပေါ်နေမှုမှာ မှားယွင်းပါကြောင်း၊ ရခိုင် ပြည်နယ်သာမက အခြား တိုင်းဒေသကြီး /ပြည်နယ်များ တွင်လည်း ဒေသန္တရ ရဲတပ်ဖွဲ့ဟူ၍ ဖွဲ့စည်းရန် မရှိပါကြောင်း၊ မြန်မာနိုင်ငံတ၀န်း ရဲတပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းရန် ရည် ရွယ်၍ တိုင်းဒေသကြီး/ပြည်နယ် ခုနှစ် ခုတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ရဲတပ်သားအသစ် များစုဆောင်းနိုင်ရေး ဆောင်ရွက်ရန်သာ ရှိပါကြောင်း ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ် ရေးလုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေး၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တာဝန်ရှိသူများက မိမိတို့လုပ်ငန်းကော်မတီ အလိုက် လုပ်ငန်းများ စီမံဆောင်ရွက် ထားရှိမှု၊ ဆောင်ရွက်ဆဲအခြေအနေနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက အထွေထွေကိစ္စရပ်များ အပေါ် ဆွေးနွေးကြရာ ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းမှာကြားသည်။
အစည်းအဝေး ဆုံးဖြတ်ချက်အရ မောင်တောဒေသအကြမ်းဖက် တိုက်ခိုက်ခံရ မှုနှင့် ပတ်သက်၍ နိုင်ငံတော်အ ဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် မောင်တော ဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှုအပေါ် အဖြစ်မှန် ပေါ်ပေါက် ရေးကို စုံစမ်းစစ် ဆေးရန်၊ စုံစမ်းစစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ၍ နောင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေ ရေးအတွက် ဆောင်ရွက်သင့်သည့် အစီအမံများ၊ သင်ခန်းစာဖော်ထုတ်ချက်များကို လေ့လာသုံးသပ် တင်ပြရန်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရှိရသည်။

အလားတူ လက်ရှိ ထောက်ပံ့ကူညီလျက်ရှိသော လူသားချင်းစာနာ ထောက်ထား မှု အကူအညီများ ထိထိရောက်ရောက် ဖြန့်ခွဲပို့ဆောင်နိုင်ရေး တိုးမြှင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။  (သတင်းစဉ်)

No comments:

Post a Comment