Friday, November 18, 2016

အနယ်နယ်အရပ်ရပ်မှ စေတနာရှင် ပြည်သူများက ပေးပို့လှူဒါန်းသည့် ပစ္စည်းများ တပ်မတော်ရေယာဉ်ဖြင့် စစ်တွေမြို့ သို့ရောက်ရှိ

နေပြည်တော်၊ နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ နယ်မြေလုံခြုံ ရေးတာဝန်များ ထမ်းဆောင် လျက်ရှိသည့် တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲတပ် ဖွဲ့ဝင်များအတွက် အနယ်နယ်အရပ်ရပ်မှ ပြည်သူများက စားသောက်ဖွယ်ရာများနှင့် အသုံးဆောင်ပစ္စည်း များပေးပို့လှူဒါန်းလျက်ရှိရာ အဆိုပါပစ္စည်း များအနက်မှ ဆန် ၆၉၈ အိတ်၊ ကော်ဖီမစ် ၃၁၁ ဖာ၊ ငါးသေတ္တာ ၂၂၅၅ ဘူး၊ ခေါက်ဆွဲခြောက်ဖာအကြီး ၄ ဖာ၊ အချိုရည် ၈ ကတ်၊ ဆီ ၅၀ ကျပ်သားပါ ၅ ဘူးနှင့် ၂ ဒသမ ပိဿာပုံး ၂ ပုံး၊ မုန့် ၁ ပုံး၊
မုန့်ခြောက် ၁ ထုတ်၊ ကြက်သွန်နီ ၃၇၅ ပိဿာ၊ အာလူး ၅၀၀ ပိဿာ၊ ဆေးမျိုးစုံ ၁ ထုပ်၊ စာအုပ် ၁ ထုပ်၊ ရေဒီယိုကက်ဆက် ၁ လုံး၊ တီရှပ်အင်္ကျီ ၄၀၀ ထည်၊ ကျားဝတ် အတွင်းခံဘောင်းဘီ ၁၀၀၀ ထည်၊ Lion Battery (4 Mah 12 V ) ၅၀ လုံး၊ ဆေးပေါ့လိပ် ပီနံအိတ် ၁ အိတ်၊ ပစ္စည်းစုံဂျပ်ဖာအသေး ၅၉ ဖာ၊ ပစ္စည်းစုံ ပီနံအိတ် ၄ အိတ်နှင့် ငါးခြောက် ၁၂၀ ပိဿာတို့အား နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ တပ်မတော်ရေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ရာ ယနေ့ နေ့လယ်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိသည်။
အဆိုပါ လှူဒါန်းပစ္စည်းများအား စစ်တွေမြို့မှ ဆက်လက်ပို့ဆောင်ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(မြ၀တီ)


No comments:

Post a Comment