Tuesday, November 22, 2016

Meeting for holding of 69th Independence Day & 42nd Rakhine State Day

November 22 
A coordination meeting for observance of 69th Anniversary Independence Day and 42nd Rakhine State Day took place at the Rakhine State Government’s office on 21st November.  

Patron of the Leading Committee for holding the ceremonies, Rakhine State Chief Minister U Nyi Pu said that the working sub-committees were formed with town elders and Rakhine experts to hold this year's Rakhine State Day. He also stressed the need to observe Independent Day in accordance with the agreements of 21st Century Panglong Conference and pay attention to security for the success of the ceremony. 
Officials also reported on the implementation of holding the State Day and arrangements for the flag hoisting ceremony, reading messages and holding fun fairs. The Chairmen of working sub-committees and committee members reported their needs for the celebrations. The meeting ended with concluding remarks by the State Chief Minister. Rakhine State Chief Minister U Nyi Pu, the State Ministers, State/District and Township level departmental officials and town elders attended the meeting. 
လွတ်လပ်ရေးနေ့နှင့် ရခိုင်ပြည်နယ်နေ့ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
စစ်တွေ နိုဝင်ဘာ ၂၁
(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် (၄၂)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ(၂၁)ရက် မွန်းလွဲ(၁)နာရီက ရခိုင်ပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် (၄၂)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အခမ်း အနားများ ကျင်းပနိုင်ရေး ဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဖွင့်အမှာ စကားပြောကြားရာတွင် ယခုနှစ် (၄၂)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် စစ်တွေမြို့မှ မြို့မိ/ဖများ၊ ရခိုင်ရိုးရာ အသိပညာရှင်များအား လုပ်ငန်းဆပ်ကော်မတီများတွင် ထည့်သွင်း ဖွဲ့စည်းထားပါကြောင်း၊ ယခုတက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာ များ၊ မြို့မိ/ဖများကလည်းပါဝင် ဆွေးနွေးပေးစေလိုကြောင်း၊ (၆၉)နှစ်မြောက် လွတ်လပ်ရေး နေ့ကို လည်း (၂၁)ရာစုပင်လုံညီလာခံ သဘောတူညီချက်များနှင့်အတူ မူဝါဒများ အတိုင်း ချမှတ် ဆောင်ရွက်သွားမှာ ဖြစ်သည့်အတွက် အလေးထားဆောင်ရွက်သွားကြစေလိုကြောင်း၊ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုံခြုံရေးအထူးသတိထားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။ ထို့နောက်(၄၂)နှစ် မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဌ ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြည်နယ်နေ့ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေး နွေးပြီး ပြည်နယ်နေ့ကျင်းပနိုင်ရေး လုပ်ငန်းဆပ်ကော်မတီဥက္ကဌနှင့် ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းလိုအပ်ချက်များ အားပြန်လည်ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အလံတင်အခမ်းအနား၊ သ၀ဏ်လွှာဖတ်ကြားခြင်းအခမ်းအနား၊ ပျော်ပွဲ၊ ရွှင်ပွဲများကျင်းပနိုင်ရေး ဆောင်ရွက် ထားရှိမှု တို့ကိုရှင်းလင်းဆွေးနွေးတင်ပြရာ တက်ရောက်လာကြသည့် လုပ်ငန်းဆပ်ကော်မတီဥက္ကဌများ နှင့် ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းအလိုက်လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ကျင်းပရေး ဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်မှ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။
ယနေ့အခမ်းအနားသို့ (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် (၄၂)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အခမ်းအနား များကျင်းပနိုင်ရေး ဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စစ်တွေမြို့ မြို့မိ/ဖများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

တင်ထွန်း (ပြန်/ဆက်)

No comments:

Post a Comment