Tuesday, November 22, 2016

သပိတ်ကျင်းမြို့နယ်တွင် မှုခင်းပညာပေးယာဉ်ဖြင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာ ပြည်သူများ အထူးစိတ်ဝင်စား

သပိတ်ကျင်း  နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ စီစဉ်မှုဖြင့် တိုင်းဒေသကြီးအတွင်း မှုခင်းကျဆင်းရေးအတွက် မှုခင်း ပညာပေး ယာဉ်ဖြင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ သပိတ်ကျင်းမြို့နယ်သို့ နိုဝင်ဘာလ (၂၂) ရက်နေ့ နံနက် (၉)နာရီမှ စတင်ကာ လှည့်လည်ခင်းကျင်းပြသခြင်းနှင့် ပညာပေးဟောပြောခြင်းတို့ ဆောင်ရွက်ရာ ဒေသခံပြည်သူများ အထူးစိတ်ဝင်စားခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မျိုးလွင် ဦးဆောင်သည့် တိုင်းဒေသကြီး မှုခင်းပညာပေးယာဉ်သည် နံနက် (၉) နာရီတွင် ကဘဲ့မူလွန်ကျောင်းတွင် ခင်းကျင်းပြသရာ ကျောင်းသာကျောင်းသူများနှင့် ပြည်သူ (၆၀၀)ခန့် လာရောက်ကြည့်ရှုကြပြီး နေ့လည် (၁၁)နာရီတွင် ၀ါးဖြူတောင် အထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူနှင့် ပြည်သူ (၈၅၀)ကျော်၊ ထို့နောက် ဇရပ်ကွင်း အထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူနှင့် ပြည်သူ (၁၈၆၃)ဦး တို့က စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
မှုခင်းပညာပေးယာဉ်ဖြင့် ပြခန်းများ ခင်းကျင်းပြသခြင်းနှင့်အတူ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မျိုးလွင်၊ မူးယစ်တပ်ဖွဲ့စု (၁၇)မှ ရဲအုပ်ထန်းဖေ၊ သပိတ်ကျင်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး ထိန်းလင်းမောင်၊ ရဲအုပ် မျိုးလွင်တို့က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေး၊ လူကုန်ကူးမှုနှင့် သက်ငယ်မုဒိန်း ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့သည့်အပြင် ပညာပေးလက်ကမ်းစာစောင် များကိုလည်း လာရောက်လေ့လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment