Tuesday, November 22, 2016

စိုက်ပျိုးရေးသိပ္ပံ ကျောင်း (ဒီးမော့ဆို) သင်ကြားရေး အထောက်အကူပြုပရိဘောဂ ပစ္စည်းများအတွက် အလှူငွေ ပေးအပ်

ဒီးမော့ဆို    နိုဝင်ဘာလ    ၂၂
လွိုင်ကော်ခရိုင် ၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်စိုက်ပျိုးရေးသိပ္ပ္ပံကျောင်း (ဒီမော့ဆို) သို့ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ သင်ကြားရေး အထောက်အကူပြုပရိဘောဂပစ္စည်းများ အတွက် အလှူငွေ ပေးအပ်ပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်(၉)နာရီ အချိန် ဒီးမော့ဆိုမြို့နယ်၊  စိုက်ပျိုး ရေးသိပံကျောင်း ခန်းမဆောင်၌ ကျင်းပခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ် ဝန်ကြီးများ ၊ ပြည်နယ် ဥပဒေချုပ်၊ ဒီးမော့ဆိုမြို့နယ်မှဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးသိပံ(ဒီးမော့ဆို) ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမ များ၊ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုက စိုက်ပျိုးရေးသိပံကျောင်းများဟာ ရေရှည် မျှော်မှန်းပြီး ကျောင်းသူ၊ ကျောင်းသားများ ကျွမ်းကျင်တတ်မြောက်အောင် စာတွေ့လက်တွေ့ များကို လေ့ကျင့်သင်ကြား သွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါလျှင်  အထိုက်အလျောက် ကျွမ်းကျင်သော အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များဖြစ်လာမှာဖြစ်ပါကြောင်း၊ ကျောင်းသူ ကျောင်းသားများ အနေဖြင့် ပရိဘောဂ စုံလင်စွာဖြင့် ပညာသင် ကြားရမှာဖြစ်တဲ့အတွက် စိတ်ချမ်းသာရမည်ဟုမျှော်လင့်ပါ ကြောင်း၊ စိုက်ပျိုးရေးသိပံမှ ထူး ချွန်သူများသည်လည်း ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သို့ ဆက်လက်ပညာ သင်ကြားခွင့် အခွင့်အရေးများ ရရှိမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးသိပံ (ဒီးမော့ဆို) ကျောင်းတွင်သင်ကြားရေးအထောက်အကူပြု ပရိဘောဂ ပစ္စည်းများ လုံလောက်မှုမရှိတဲ့အတွက် ပြည်နယ်အစိုးရမှ ကုတင်(၁၀၀)လုံး၊ စားပွဲ ၊ ကုလားထိုင် အစုံ(၁၁၁)လုံးအတွက် အလှူငွေ  ၁၀၅.၅  သိန်းကျပ်အား ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးသိပံ(ဒီးမောဆို) ကျောင်းအုပ်ကြီးထံသို့ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး စိုက်ပျိုးရေးသိပံ(ဒီးမော့ဆို)ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းအေးက ကျေးဇူးတင်စကားနှင့် ကျောင်းအတွင်း ဆောက်ရွက်ထားရှိမှု အခြေအနေများအား ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့များက စိုက်ပျိုးရေးသိပံ (ဒီးမော့ဆို) ကျောင်းရှိ အမျိုးသား အဆောင်၊ အမျိုးသမီးအဆောင်၊ စာသင် ဆောင်နှင့် ပရိဘောဂပစ္စည်းများထားရှိသည့် အဆောင်၊ စားဖိုဆောင်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ကျောင်းသူကျောင်းသားများ အသုံးပြုနေသည့် ရေသန့်စက် ပြန်လည် ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအုပ်ကြီးထံသို့ အလှူငွေကျပ် (၃) သိန်းကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ်ပြန်/ဆက်

No comments:

Post a Comment