Friday, November 18, 2016

မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်းက LIFT မှ လှူဒါန်းသော ရံပုံငွေဖြင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်မှု အသိပေးရှင်းလင်း

မလှိုင်၊ နိုဝင်ဘာ  ၁၇   
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် LIFT မှ လှူဒါန်းသောရန်ပုံငွေဖြင့်  မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွား အသင်းက  LEGACY  စီမံကိန်းကို SCI , IPA , PGMF  တို့နှင့်အတူ ပူးပေါင်း၍ ကိုယ်ဝန်ဆောင်နှင့် (၂) နှစ် အောက် ကလေးများ၏ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ အသိပေးရှင်းလင်းပွဲကို နိုဝင်ဘာ ၁၇ ရက်နေ့က မလှိုင်မြို့ ၊ ပန်းလှိုင်ရွှေဝါ ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

LEGACY  စီမံကိန်း အသိပေးရှင်းလင်းပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်က အဖွင့် အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ သူနာပြု နှင့် သားဖွားအသင်း စီမံချက် မန်နေဂျာ ဒေါ်ဝင်းမာ က စီမံချက် လုပ် ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်းမှ မလှိုင်မြို့ နယ်  စီမံချက်အရာရှိ ဒေါ်မြမြသွေးက အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေများကို ပရိုဂျက် တာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။  ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများ ၊ NGO အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ စီမံကိန်းဝင်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဆက် လက် ဆောင်ရွက်မည့်လုပ်ငန်းများကို အသိပေး ပြောကြားခဲ့သည်။
စီမံကိန်းမှာ ကိုယ်ဝန်ဆောင်များသာ အကျိုးခံစားခွင့်ရှိပြီး ကိုယ်ဝန် (၃) လ ပြည့်ပြီးသည့် အချိန်မှစ၍ စီမံကိန်း ၀င်ရောက်နိုင်ပြီး ကလေး (၂) နှစ်သားအထိ အကျိုးခံစားခွင့် ရှိမည်ဖြစ်သည်။ ကိုယ်ဝန် (၃) မှ ကလေး(၂) နှစ် အ ထိ လစဉ်ငွေကျပ် တစ်သောင်း ထောက်ပံ့သွားမည်ဖြစ်ပြီး မိခင်သည် ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးပြီး (၂၉) ရက် အတွင်းကလေး သေဆုံးပါက(၆) လသာ ငွေကြေးထောက်ပံ့သွားမည်ဖြစ်သည်။ အဆိုပါစီမံကိန်းကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး မလှိုင်မြို့နယ်အတွင်း၌ ဧပြီလမှ အောက် တိုဘာလ အထိ စီမံကိန်းဝင် ကျေးရွာ (၇၈) ရွာမှ ကိုယ်ဝန်ဆောင် နှင့် (၂) နှစ် အောက်ကလေး ငယ် (၇၀၆) ဦးတို့ အတွက် ငွေကျပ် (၂၁၆ ) သိန်းကျော် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်းသိရသည်။

(မလှိုင်မြို့နယ်ပြန်/ဆက်)

No comments:

Post a Comment