Friday, November 18, 2016

ဒေသခံပြည်သူများသွားလာမှုအဆင်ပြေစေရန် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာချင်းဆက်လမ်းတိုးချဲ့ဆောင်ရွက်


ငါ့သရောက် ၊ နိုဝင်ဘာ - ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ် ဖလန်ကန်ကျေးရွာနှင့် ဂျမ်းလှီးကျေးရွာသို့ ဆက်သွယ် ဖောက်လုပ် ထားသည့် ကျေးရွာချင်းဆက်လမ်းအရှည်ပေ ၅ မိုင်အားယခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ  ကျပ် သိန်း ၁၀၀၀ မှ ခွဲဝေထောက်ပံ့ငွေ ကျပ်(၄၅) သိန်းအသုံးပြု၍ ဒေသခံ ကျေးလက်နေ ပြည်သူများ ရာသီမရွေး ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင် သွားလာနိုင်ရေးအတွက် အောက်တိုဘာ ၂၁ ရက်နေ့က စတင်ကာ စက်ယန္တရားများအသုံးပြု၍ လမ်းတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းပြီးစီးမှု (၉၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ဖလန်ကန် ကျေးရွာရှိဒေသခံပြည်သူများထံမှသိရ သည်။

ဒီနှစ် ကျွန်တော်တို့ ဖလန်ကန်ကျေးရွာ ဒေသခံပြည်သူများနှင့် အနီးဝန်းကျင်ကျေးရွာများမှ ကျေးလက်နေပြည်သူများ သွားလာ အသုံးပြု နေသည့် ဖလန်ကန် - ဂျမ်းလှီးကျေးရွာချင်းဆက် မြေသားလမ်းအရှည်ပေ ၅ မိုင်အားယခင်မူလရှိ မြေသားလမ်းအကျယ် ၁၂ ပေအစား၊ အကျယ် ၂၄ ပေအထိ နှစ်လမ်းသွားစနစ် မောင်းနှင်သွားလာနိုင်အောင် လမ်းတိုးချဲ့ပြုပြင် ဆောင်ရွက်ရန် ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် သိန်း ၁၀၀၀ မှ ငွေကျပ် ၄၅ သိန်းခွဲဝေ ချထားပေးခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဖလန်ကန် - ဂျမ်းလှီးကျေးရွာချင်းဆက် မြေသားလမ်း အရှည်ပေ ၅ မိုင်အား လမ်းအကျယ် ၂၄ ပေ တိုးချဲ့ခြင်းလုပ်ငန်းများကို အောက်တိုဘာ ၂၁ ရက်နေ့က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊ အခုလမ်းအရှည်ပေ ၄ မိုင်ခန့်  အထိလမ်းအကျယ်ချဲ့ခြင်းနဲ့မြေညှိခြင်းလုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်လို့ လုပ်ငန်းပြီးစီးမှု ၉၀ ရာခိုင်နှုန်းခန့် ရှိသွားပါပြီ။ ကျန်ရှိသည့် အရှည်ပေ ၁ မိုင်ကိုလည်း ဒေသခံပြည်သူများ အမြန်သွားလာအသုံးပြုနိုင်ရေး လမ်းတိုးချဲ့ခြင်းလုပ်ငန်းများကို စက်ယန္တရားများနဲ့ မရပ်မနား ဆက်လက် ဆောင်ရွက်နေပါတယ်ဟု ဖလန်ကန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း၏ ပြောပြချက်အရသိရသည်။

ရဲဝင်းနိုင်(ညောင်ဦး) 

No comments:

Post a Comment