Friday, November 18, 2016

လူထုဗဟိုပြုစီမံကိန်းစည်းရုံးရေးမှူးများမွမ်းမံသင်တန်းဖွင့်လှစ်ခြင်း

ညောင်ဦး နိုဝင်ဘာ ၁၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ညောင်ဦးမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ ဒုတိယနှစ်စက်ဝန်းစီမံကိန်း လုပ်ငန်းအကောင်အထည်ဖေါ် ဆောင်ရွက်ရာတွင် ပိုမို အောင်မြင်မှုရရှိရန် စည်းရုံးရေးမှူးများအတွက် သင်တန်းအပိုင်း(၁) မွမ်းမံသင်တန်းကို ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်က ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းကို နိုဝင်ဘာ ၁၇ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်နေ့အထိ ၁၃ ရက် ကြာ ဖွင့်လှစ် သင်ကြား သွားမည် ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၆၂) ဦး တက်ရောက် မည်ဖြစ်ကြောင်းသိရသည်။
သင်တန်းပြီးဆုံးသွားပါက စည်းရုံးရေးမှူးများအနေဖြင့် စီမံကိန်းဒုတိယနှစ်တွင် ကျေးရွာမျာအကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများကို ကျေးရွာလူထု၏ လိုအပ်ချက်နှင့်အညီ ဖော်ထုတ်လာနိုင်ခြင်း၊ အမျိုးသမီးများ၏ ဦးဆောင်မှု၊ ဆုံးဖြတ်မှု၊ ပူးပေါင်းပါဝင်မှုများ ပိုမိုအားကောင်းလာအောင် ဆောင်ရွက်နိုင်ခြင်း၊ အမျိုးသမီးများနှင့် အမျိုး သားများမှာ တူညီသော လုပ်အားအတွက် တူညီသောလုပ်ခရရှိခြင်း စသော ကျား/မ ရေးရာ အခန်းကဏ္ဍများ ပိုမိုကောင်းမွန်လာအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း စသောအကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။ ထို့ပြင် ကျေးရွာလူထုအတွင်း အမျိုးသားများ သာမက အမျိုးသမီးများနှင့် ထိခိုက်လွယ်သော အုပ်စုများပါ ပူးပေါင်း ပါဝင်မှု အားကောင်းပြီး ပွင့်လင်းမြင်သာမှု ပိုမိုရရှိသည့်အတွက် လုပ်ငန်းများပိုမိုတိုးတက်အောင်မြင်လာမည် ဖြစ်ကြောင်း သိရသည်။

ညောင်ဦးခရိုင်ပြန်/ဆက်

No comments:

Post a Comment