Friday, November 25, 2016

KIA/TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များက ပြည်ထောင်စုလမ်းမပေါ်တွင် သွားလာနေသည့် ယာဉ်များအား တားဆီး မီးရှို့ ဖျက်ဆီး



နေပြည်တော် နိုဝင်ဘာ ၂၅

ကွတ်ခိုင်မြို့ မြောက်ဘက် ၁၃ မိုင်ခန့်အကွာ၊ အထက် နမ့်ဖတ်လွန်း ကျေးရွာအနီး၌ နိုဝင်ဘာ ၂၅ ရက် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်၌ KIA/TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေ သည့် ယာဉ်ကြီး/ယာဉ်ငယ်များအား တားဆီးကာ ၂၂ ဘီးယာဉ် ၂ စီးနှင့် ခရီးသည်တင် မှန်လုံကား ၁ စီးတို့အား ခေါင်းချင်းဆိုင်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်း ထုတ်ပြန်ထားသည်။

အလားတူ ကွတ်ခိုင်မြို့ မြောက်ဘက် ၁၆ မိုင်ခန့်အကွာ မန်လွယ်ရွာအနီး အဆိုပါ လက်နက်ကိုင် ပူးပေါင်းအဖွဲ့များကပင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေသည့် ယာဉ်များအား နှောင့်ယှက်တားဆီးခဲ့ပြီး PARADO ယာဉ်တစ်စီး အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကနဦး သတင်းများအရ သိရှိရသည်။

No comments:

Post a Comment