Friday, November 25, 2016

နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ တွင် ကျောက်စိမ်းအတွဲ ၈၂၈ တွဲရောင်းချခဲ့ရ


နေပြည်တော်၊ နိုဝင်ဘာ ၂၅    
၂၀၁၆ ခုနှစ်၊ နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ ကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျှက်ရှိသည်။

နံနက်ပိုင်းမှ စတင်၍ ရတနာကုန်များသည် သတ်မှတ်ဧရိယာများအလိုက်ခင်းကျင်းပြ သထားသည့် ကျောက်စိမ်းတွဲများအား လွတ်လပ်စွာ ကြည့်ရှု့လေ့လာကြပြီး ၀ယ်ယူလို သည့်ကျောက်စိမ်းတွဲအမှတ်များအလိုက် တင်ဒါ တင်သွင်းလျက် ရှိနေကြသည်ကို တွေ့မြင် ရသည်။
နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဆဋ္ဌမနေ့ သို့ ပြည်ပ ရတနာကုမ္ပဏီ ၇၇၂ ခုနှင့် ပြည်တွင်းရတနာကုမ္ပဏီ ၆၀၈ ခု တို့မှ ပြည်ပ ရတနာကုန်သည် ၁၇၉၃ ဦးနှင့် ပြည်တွင်းရတနာကုန်သည် ၁၇၄၃ ဦးတက်ရောက်ကြောင်း သိရသည်။
ယနေ့ ကျင်းပသည့် ၂၀၁၆ ခုနှစ် ၊ နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ယူရို သန်း ၇၇ ဒသမ ၂၆ တန်ဖိုးရှိ ကျောက်စိမ်း အတွဲ ၈၂၈ တွဲ ရောင်းချခဲ့ရသည်။
နိုဝင်ဘာ ၂၆ ရက်တွင် ကျောက်စိမ်းတွဲ အမှတ် ၃၆၀၁ မှ ၄၈၀၀ ထိကို ဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။                 

No comments:

Post a Comment