Friday, November 25, 2016

တံတားလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား အရပ်ဝတ်များ ၀တ်ဆင်ထားသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်

နေပြည်တော် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နှင့် လားရှိုးမြို့ကြားရှိ စဥ့်အင် တံတား၌ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အရပ်ဝတ် ၀တ်ဆင်ထားသော လက်နက်ကိုင် အင်အား ၇ ဦးခန့်က တံတား၏မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်း က ပြန်လည် ပစ်ခတ်ခဲ့ရာ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့များ ဆုတ်ခွာရာနောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံ၍ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment