Tuesday, November 22, 2016

ဖားကန့် - ကာမိုင်း လမ်းပေါ် KIA နှင့် ထိတွေ့မှုဖြစ်၊ ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်

 နေပြည်တော် နိုဝင်ဘာ ၂၂
ဖားကန့် - ကာမိုင်း လမ်းမပေါ်ရှိ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု ဂေါ့လူယန်ကျေးရွာ နှင့် တံတားညီနောင် ကျေးရွာကြား၌ ယနေ့နံနက် ၉ နာရီ မိနစ် ၅၀ တွင် လမ်းလုံခြုံရေး ဆောင်ရွက်နေသော တနိုင်းတပ်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA လက်နက်ကိုင်
အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါထိတွေ့မှုဖြစ်စဉ်ကြောင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစေရေး အတွက် ဖားကန့် အတက်/ အဆင်းယာဉ်များကို နန့်ယားကျေးရွာနှင့် နန့်တိန်း ကျေးရွာကြားတွင် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ခေတ္တတားဆီးထားခဲ့ရပြီး နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ထိတွေ့တိုက်ခိုက်မှု ပြီးဆုံးသွားခဲ့သည့်အတွက် ယာဉ်များပုံမှန် အတိုင်း ပြန်လည်သွား လာနိုင်ပြီဖြစ်ကြောင်းနှင့် နှစ်ဖက်ထိခိုက်မှုမရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment