နေပြည်တော် နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မရဲစခန်းသို့
နိုဝင်ဘာ ၂၁ ရက် ည ၉ နာရီ တွင် KIA/ TNLA လက်နက်ကိုင်အဖွဲ့သည် ၄၀ မမ ၁ လုံး၊ လက်နက်ငယ်
၇ ချက်ဖြင့် အဝေးမှလာရောက်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်
ရှင်းလင်းခဲ့ရာ
KIA/ TNLA လက်နက်ကိုင် အဖွဲ့များသည် ပြန်လည်ဆုတ်ခွာသွား သည်။
ဖြစ်စဉ်ကြောင့် လူနှင့်အဆောက်အဦများ ထိခိုက်မှု
မရှိကြောင်းနှင့် နယ်မြေခံ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မြို့ အဝင်/
အထွက် နေရာများ၊ လှည့်ကင်းများဖြင့် စနစ်တကျ စစ်ဆေးရှာဖွေရှင်းလင်းလျက်ရှိကြောင်း နိုင်ငံတော်
အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။
(သတင်းစဉ်)

No comments:
Post a Comment