Tuesday, November 22, 2016

KIA၊ TNLA နှင့် MNDAA လက်နက်ကိုင်ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ယာဉ်မောင်း ပြည်သူ တစ်ဦး သေဆုံး


နေပြည်တော် နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသတွင် KIA၊ TNLAနှင့် MNDAA လက်နက် ကိုင်ပူးပေါင်းအဖွဲ့များ၏ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ၁၂ ဘီးယာဉ် မောင်းတစ်ဦး နဖူးကျည်ဆံဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံး သွားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

နမ့်ခိုင်ကျေးရွာမှ ကွတ်ခိုင်သို့ ထွက်ခွာလာသော ယာဉ်ကြီး/ ယာဉ်ငယ် (၁၈) စီးသည် ယာဉ်မောင်းများမရှိဘဲ ရပ်တန့်ထားပြီး ယာဉ်များသွားလာ၍မရအောင် ပိတ်ဆို့ထား ကြောင်း သတင်းရရှိသဖြင့် ယနေ့နံနက် ၈ နာရီတွင် တပ်မတော်စစ်ကြောင်းမှ သွားရောက်ရှင်းလင်းခဲ့ရာ KIA၊ TNLA နှင့် MNDAA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ၏ ရက်စက်စွာ ပစ်ခတ်မှုကြောင့် အသက် ၄၂ နှစ် ခန့်ရှိ အပြစ်မဲ့ယာဉ်မောင်း အမျိုးသားတစ်ဦး (အမည်နှင့် နေရပ် စိစစ်ဆဲ)သည် ၁၂ ဘီး (Nissan) ယာဉ်အမှတ် 7F/6289 ယာဉ်ဦးခန်းပေါ်တွင် နဖူးကျည်ဆံဖောက်ဝင်ဒဏ်ရာ ဖြင့် သေဆုံးလျက်ရှိကြောင်း တွေ့ရှိရသည်။
အတင်းအကြပ်ပိတ်ဆို့ရပ်တန့်ထားခြင်းခံရသည့် ယာဉ်များအနက် အချို့ယာဉ် များ၏ ကားမှန်များကို ရိုက်ခွဲခြင်းများ အပါအဝင် ယာဉ်များအား ဖျက်ဆီးမှုများပြုလုပ် ထားကြောင်းတွေ့ရှိရပြီး လမ်းပေါ်တွင် ယာဉ်များသွားလာရဲခြင်း မရှိစေရန်နှင့် ပြည်သူလူထု ထိတ်လန့်ကြောက်ရွံ့စေရန်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment