Friday, November 25, 2016

KIA ၊ TNLA နှင့် MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များ နမ့်ဆာ သစ်သားတံတားအား ဖေါက်ခွဲဖျက်ဆီး



နေပြည်တော် နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် KIA ၊ TNLA နှင့် MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့ အင်အား(၁၅၀)ခန့်သည် ယနေ့မွန်းလွဲ ၃ နာရီက နမ့်ဆာ သစ်သား တံတားအား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန် ရေး ကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

 
ဖောက်ခွဲဖျက်ဆီးခံရသော နမ့်ဆာသစ်သားတံတားမှာ အရှည်(၁၂)ပေ၊ အကျယ် (၁၂)ပေခန့် ရှိပြီး ကွတ်ခိုင်မြို့နယ် နမ့်မာအုပ်စု နမ့်ဆာရွာအနီး တာမိုးညဲ-မုံးစီသွား ကားလမ်းပေါ်တွင် တည်ရှိသည်။

No comments:

Post a Comment