Friday, November 25, 2016

တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး ဖမ်းဆီးရမိ



နေပြည်တော် နိုဝင်ဘာ ၂၅

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့များသည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက လှည့်ကင်းဆောင်ရွက်စဉ် မောင်တောမြို့နယ်၊ မြန်မာ-ဘင်္ဂလား ဒေ့ရှ်
နယ်စပ်နယ်ခြားမှတ်တိုင် (၅၀) အနီး နယ်စပ်ခြံစည်းရိုးပေါက်မှ တရားမဝင် ဝင်ရောက်ကာ မိမိနိုင်ငံ အတွင်းသို့ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နတ်ချောင် စရီမြို့နယ်၊ ဘာချာရီ ရွာနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖာဂူတူဖျာ၊ ၄၀ နှစ် (ဘ) နူရ်မော်ဂူရှိန်အား ဖမ်းဆီးရမိ ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

No comments:

Post a Comment