Friday, November 25, 2016

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ညွန်ကြားရေးမှူးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၂၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vikram Misri အား ယနေ့ နံနက် ၉ နာရီတွင် လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (FSMTC) ၏ ညွန်ကြားရေးမှူး Mr. Alexander FOMIN နှင့် အဖွဲ့အား နံနက် ၁၀ နာရီခွဲတွင်လည်းကောင်း နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌့ လက်ခံတွေ့ဆုံသည်။

အိန္ဒိယသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေး ချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအတွက် လက်ရှိဆောင်ရွက် နေသည့် တပ်မတော်နှစ်ရပ်အကြား အပြန်အလှန်သတင်းဖလှယ်မှုကိစ္စရပ်များ၊ နှစ်ဖက် တပ်စခန်းများ၏ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင် ရေး၊ လေ့ကျင့်ရေးသင်တန်းများ အပါအ၀င် တပ်မတော်နှစ်ရပ် အကြား သက်ဆိုင်ရာ နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များကို  ဆွေးနွေးခဲ့ကြ သည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ရှိဖြစ်ပွားနေသော ရှမ်းပြည် နယ် အရှေ့မြောက်ဒေသ၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော အရေးကိစ္စများသည် နိုင်ငံရေးတည်ငြိမ်မှုအတွက် စိန်ခေါ်မှုများဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံရေးတည်ငြိမ်မှုအတွက် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင် နေကြောင်း ပြောကြားခဲ့သည်။
ရုရှားဖက်ဒရေးနိုင်ငံ FSMTC ညွန်ကြားရေးမှူး နှင့် တွေ့ဆုံစဉ် မြန်မာ - ရုရှား နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား လက်ရှိဆောင်ရွက်နေသော စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ လေ့ကျင့်ရေး သင်တန်းဆိုင်ရာ ကိစ္စရပ်များ နှင့် ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment