Tuesday, November 22, 2016

ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ပေးအပ်ပွဲကျင်းပ

ကျောက်ဆည်၊ နိုဝင်ဘာ ၂၁
ပြည်ထောင်စုလွှတ်တော်မှ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၁) အုပ်စုအား ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၁  ရက် မွန်းလွဲ  ၁ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။



အခမ်းအနားကို  မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်နှင့် ဦးရဲမင်းထွန်းတို့က အဖွင့် အမှာစကားများ ပြောကြား၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးသည်။ ဆက်လက်၍ နိုင်ငံတော်မှ လွတ်တော်ကိုယ်စားလှယ်များအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျောက်ဆည်မြို့နယ်သို့ ငွေကျပ်သိန်း (၁၀၀၀)    ချထားပေးရာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမင်းထွန်း၊ ဦးအောင်ကြည်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့်  တာဝန်ရှိသူများက ရန်ပုံငွေများလွှဲပြောင်းပေးအပ်ရာ ဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖော်ရေး ကျေးရွာကော်မတီဝင်များက လက်ခံရယူ သည်။
အဆိုပါရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဖြစ်သော  ကျေးရွာချင်းဆက်လမ်း (၁၈) လမ်း၊ ရေချိုရရှိရေး လုပ်ငန်း (၃) ခု၊ စာကြည့်တိုက် လုပ်ငန်း(၁)ခု၊ မီးလင်းရေးလုပ်ငန်း (၂) ခုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း (၁) ခု၊ စုစုပေါင်း (၂၅) ခု တင်ပြထားပြီးဖြစ်သည့်အတွက် အဆိုပါလုပ်ငန်းများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။

(ကျောက်ဆည်၊ ပြန်/ဆက်)

No comments:

Post a Comment