Thursday, November 17, 2016

House fire breaks out in Thandwe

November 17, 2016

Fire broke out at a house in Kyar Kite village, Tharyarkwin village tract, about six miles of Thandwe township in the afternoon of November 16.


A fire engine and a water tender came to the scene and firefighters put the fire out at 1:25 pm with the help of villagers.

The fire was caused by an overheated solar battery charger and one house was destroyed.

Now, action will be taken against the house owner, U Tin Thein over the incident.

သံတွဲမြို့နယ် ကျားကိုက်ကျေးရွာ၌ နေအိမ်တစ်လုံးမီးလောင်

သံတွဲ နိုဝင်ဘာ ၁၆

သံတွဲမြို့နှင့် ခြောက်မိုင်ခန့်အကွာတွင်ရှိသော သာယာကွင်းကျေးရွာအုပ်စု ကျားကိုက်ကျေးရွာတွင် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ် ယာဉ်တစ်စီး၊ ရေယာဉ်တစ်စီးဖြင့် ရွာသူရွာသားများနှင့်အတူမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး ခဲ့ပြီး ဟောင်းနွမ်းဆွေးမြည့်ဆိုလာ ဘက်ထရီ အားသွင်းကြိုး အပူလွန်ကဲရာမှ စတင် လောင်ကျွမ်းခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုကြောင့် အိမ်ပိုင်ရှင် ဦးတင်သိန်းအား သံတွဲမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


(ခရိုင် ပြန်/ဆက်)

No comments:

Post a Comment