Wednesday, November 9, 2016

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Yoo Jae Kyung အားလက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Yoo Jae Kyung အား ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြန်ကြားရေး ၀န်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံမီဒီယာ ကဏ္ဍဖလှယ်ရေး ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။


(သတင်းစဉ်)

No comments:

Post a Comment