Monday, November 21, 2016

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဗန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ချီလီသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Javier Becker အား လက်ခံတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၂၁ 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဗန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ချီလီသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Javier Becker အား ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။


(သတင်းစဉ်)

No comments:

Post a Comment