Monday, November 21, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ အက်စ်တိုးနီးယားနိုင်ငံနှင့် ဖင်လန်နိုင်ငံ သံအမတ်ကြီးတို့ သံအမတ် ခန့်အပ်လွှာပေးအပ်


 နေပြည်တော် နိုဝင်ဘာ ၂၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အက်စ်တိုးနီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး  မစ္စတာ ရီဟို ခရုဗ် သည် ယနေ့ နံနက် ၁၀ နာရီတွင်လည်းကောင်း၊ ဖင်လန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး မစ္စ ဆာတူး ဆုအိ ကိုင်းရိ ကလဗ်ဗန် သည် ယနေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်၌ ၄င်းတို့၏ သံအမတ် ခန့်အပ်လွှာများကို ပေးအပ်ကြသည်။


အဆိုပါ သံအမတ် ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားများသို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် တို့ တက်ရောက်ကြသည်။ 

(သတင်းစဉ်)

No comments:

Post a Comment