Monday, November 21, 2016

Deputy Commander-in-Chief visits Kyauktaw and Pletwa Stations

November 21, 2016
THE Deputy Commander-in-Chief of Defence Services, also Commander-in-Chief (Army) Vice-Senior General Soe Win met with military officials and their families on November 20 in Kyauktaw Station, Rakhine State.

At the meeting, Vice-Senior General stressed that Kyauktaw is the main crossroads of the state and military officials and families need to improve their security knowledge and to be able to receive information ahead of others to conduct blocking and clearing exercises.
The Vice Senior General and party also  provided foodstuff, sports materials, and books to officials and their families in Kyauntaw Station. After the meeting, Vice Senior General and party greeted military officials and their families .
Vice-Senior General and party also visited Platwa Army Station and gave food and cash to military families.
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကျောက်တော်နှင့် ပလက်ဝတပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုများနှင့်တွေ့ဆုံ
နေပြည်တော် နိုဝင်ဘာ ၂၀
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော် အရာရှိကြီးများနှင့်အတူ ယနေ့နံနက် ပိုင်းက ကျောက်တော်တပ်နယ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကျောက်တော်တပ်နယ်ရှိအရာရှိ၊ စစ်သည်မိသားစု များအားတပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျောက်တော်ဒေသသည် ရခိုင်ပြည်နယ်၏ လမ်းဆုံဒေသတစ်ခုဖြစ်ပြီး အချက်အချာကျသောနေရာဖြစ်၍ စစ်သည်၊ ရဲမေများ အနေဖြင့် လုံခြုံရေးအသိမြင့်မားရန်လိုကြောင်း၊ သတင်းလက်ဦးမှုရရှိရန်လိုကြောင်း၊ သတင်း လက်ဦးမှုရရှိမှသာကြိုတင်ကာကွယ်ခြင်း၊ ပိတ်ဆို့တားဆီးခြင်းနှင့် ရှင်းလင်းချေမှုန်းခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအတွက် စားသောက်ဖွယ်ရာများပေးအပ်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများက အရာရှိ၊စစ်သည်မိသားစုများအတွက် အားကစားပစ္စည်းများနှင့် သုတရသ စာအုပ်စာစောင်များပေးအပ်သည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်ပလက်ဝမြို့နယ်ရှိ ထရွန်အိုင်လုံခြုံရေးစခန်းနှင့်ပလက်ဝမြို့ နယ်မြေခံတပ်သို့ရောက်ရှိပြီး လှည့်လည်ကြည့်ရှု စစ်ဆေး ကာ အိမ်ထောင်သည်ရဲမေများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ စားသောက်ဖွယ်ရာ များနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(မြ၀တီ)

No comments:

Post a Comment