Monday, November 21, 2016

Aid donated by Tatmadaw (Army,Navy,Air) families and well-wishers arrive in Buthidaung

November 21, 2016
Aid including food and utensils donated by Tatmadaw (Army, Navy, Air) families and well-wishers across the country for Tatmadawmen, border guard police force and local people in Rakhine state were sent to Buthidaung township by military navy vessel via Sittwe on November 19.

698 rice bags, 120 viss of dried fish, 375 bags of onions, 500 viss of potatoes, 310 boxes of instant coffee mix,2,255 fish cans, edible oil, soft drink, various snacks, clothes and various utensils were sent to Buthidaung.  Those donated items will be delivered to Tatmadawmen, border guard police force and local people.

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများလှူဒါန်းသည့် စားသောက် ဖွယ်ရာများနှင့် ပစ္စည်းများ ဘူးသီးတောင်သို့ရောက်ရှိ
နေပြည်တော် နိုဝင်ဘာ ၂၀
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့်တပ်မတော်သား၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့်ဒေသခံများအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ပြည်သူများက ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက စစ်တွေမြို့မှတစ်ဆင့် တပ်မတော်ရေယာဉ်ဖြင့် ဆက်လက်ပို့ဆောင်ပေးခဲ့ရာ ဘူးသီးတောင်သို့ ညနေ ၅ နာရီတွင် ရောက်ရှိခဲ့သည်။
ဘူးသီးတောင်မြို့သို့ရောက်ရှိလာသော အနယ်နယ်အရပ်ရပ်မှ ပေးပို့လှူဒါန်းသည့် ဆန် ၆၉၈ အိတ်၊ ငါးခြောက် ပိဿာ ၁၂၀၊ ကြက်သွန်နီ ၃၇၅ အိတ်၊ အာလူး ပိဿာ ၅၀၀၊ ကော်ဖီမစ် ဖာ ၃၁၀၊ ငါးသေတ္တာ ၂၂၅၅ဘူး၊ စားသုံးဆီ၊ အချိုရည်၊ မုန့်မျိုးစုံ၊ အဝတ်အထည်များနှင့် အသုံး အဆောင်ပစ္စည်းများကို ဘူးသီးတောင်မြို့ရှိ နယ်မြေခံတပ်မတော်သားများက ဆိပ်ကမ်းမှ တစ်ဆင့် မော်တော်ယာဉ်များပေါ်သို့ ရွှေ့ပြောင်းတင်ဆောင်၍ သက်ဆိုင်ရာနေရာများသို့ ပို့ဆောင် ပေးပြီး တပ်မတော်စစ်ကြောင်းများမှတစ်ဆင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော် သားများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများထံသို့ ဆက်လက် ပေးပို့ လှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(မြ၀တီ)

No comments:

Post a Comment