Thursday, November 17, 2016

Crown Umbrella damaged due to earthquake, conveys to the ground

November 17, 2016
 Due to the earthquake which struck on 28th August in 2016 across the country, the crown umbrella of Koyantaung pagoda in Yanbye township of Kyaukpyu district in Rakhine State was damaged and its diamond bud dropped on the ground.
On 16th November, a ceremony to convey crown umbrella of Koyantaung pagoda to the ground was held on its Sasana Mound at 9 am. Monks from respective monasteries, township level departmental officials, members of Pagoda Board of Trustees and the locals took part in conveying the crown umbrella. The ceremony was held on a grand scale accompanied by entertainment of Myoma Music Troupe and their traditional drums troupes.

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့ရသော စေတီတော်ကြီးထီးတော် အောက်သို့ချ၍ ပင့်ဆောင်
ရမ်းဗြဲ နိုဝင်ဘာလ ၁၆
ရခိုင်ပြည်နယ်၊  ကျောက်ဖြူခရိုင်၊     ရမ်းဗြဲမြို့နယ်တွင်   (၂၈-၈-၂၀၁၆)    ရက်နေ့က မြန်မာနိုင်ငံ တစ်ဝှမ်းလှုပ်ခတ်သွားခဲ့သော ငလျင်ဒဏ်ကြောင့်စေတီတော်၏ ထီးတော်ကြီး စိန်ဖူးတော်မြေခပျက်စီး ခဲ့ရသော ကိုယ်ရံတောင် စေတီတော်မြတ်ကြီး၏ ထီးတော်ကို အောက်သို့ချ၍ ပင့်ဆောင်ပူဇော်ပွဲကို နိုဝင်ဘာလ (၁၆) ရက် နံနက်(၉)နာရီ အချိန်က  ကိုယ်ရံတော် သာသနာ့ကုန်းမြေတွင် ကျင်းပပြုလုပ် ခဲ့ပြီး ထီးတော်ချမင်္ဂလာအခမ်းနားသို့ ရမ်းဗြဲမြို့ပေါ်ရှိဆရာတော်ကြီးများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ များ၊  ကိုယ်ရံတောင်ဘက်စုံ တည်ဆောက်ရေးဂေါပကအဖွဲ့ဝင်များ၊ မြို့ပေါ်ရှိပြည်သူများ တက်ရောက် ၍ ထီးတော်ကြီးကိုအောက်သို့ ချပင့်ဆောင်ခဲ့ကြသည်။ အခမ်းအနားတွင် ရမ်းဗြဲမြို့ပေါ်ရှိ မြို့မ တူရိယာ ၀ိုင်းနှင့်အတူ စည်းတော်ယိမ်းများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment