Thursday, November 17, 2016

အိမ်မဲမြို့ခလရ (၆၃)တပ်ရင်းမှတန်ဖိုးနည်းအာဟာရပြည့်ထမင်း ဟင်းများရောင်းချပေး


အိမ်မဲ၊ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်အမှတ် ( ၆၃) ခြေလျှင်တပ်ရင်း မှ ပြည်သူများ သက်သာချောင်ချီစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေး အာဟာရပြည့်အစားအစာများကို  ဈေးနှုန်း သက်သာစွာ စားသောက်နိုင်ရေးအတွက် တန်ဘိုးနည်းအာဟာရပြည့် သက်သာချောင်ချိရေး ထမင်းဟင်း အရောင်းဆိုင်ကို (ကား) ဖြင့် အိမ်မဲမြို့မဈေးနှင့်အိမ်မဲမြို့ ပြည်သူ့ဆေးရုံတို့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။ 


အဆိုပါ တန်ဖိုးနည်း အာဟာရပြည့်ထမင်းနှင့် ဟင်းမျိုးစုံ (၁) ပွဲ (၃၀၀) နှုန်းဖြင့် ရောင်းချပေးမှုအား ပြည်သူများ အားပါးတရ ဝမ်းမြောက် ဝမ်းသာစွာဖြင့် ဝယ်ယူ စားသောက်ကြကြောင်း သိရသည်။

(အိမ်မဲ၊ ပြန်/ဆက်)

No comments:

Post a Comment