Thursday, November 17, 2016

(၉၆)ကြိမ်မြောက် မြောင်းမြမြို့နယ်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနယဓမ္မစာတော်ပြန်ပွဲ ကျင်းပ


မြောင်းမြ၊ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ဇေယျမေဒနီ စာသင်တိုက်ကြီး၏ (၉၆) ကြိမ်မြောက် မြောင်းမြမြို့နယ်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနယဓမ္မစာတော်ပြန်ပွဲကို နိုဝင်ဘာ (၁၆) ရက်နေ့က ဇေယျမေဒနီ စာသင်တိုက်တွင် ရေးဖြေ စာမေးပွဲ ကျင်းပပြုလုပ်သည်။


ဝိနယစာတော်ပြန်ပွဲ ရေးဖြေစာမေးပွဲတွင် အကြီးတန်းတွင် ( ၅) ပါး၊ အလတ်တန်း အဆင့်တွင် (၁၃)ပါး၊ အငယ်တန်း အဆင့် (၄၁)ပါး၊ မူလတန်းအဆင့် (၅၄)ပါး၊ စုစုပေါင်း (၁၁၃) ပါး ဝင်ရောက်ဖြေဆိုကြပြီး ယမန်နေ့နှုတ်ဖြေစာမေးပွဲတွင် (၁၅၀) ပါးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း စာတော်ပြန်ပွဲတွင် ကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော်တစ်ပါး ပြောကြားချက် အရ သိရသည်။
ပရိယတ၊ ပရိပတ္တိ၊ ပရိဝေဒ သာသနာတော်သုံးရပ်တွင် မြတ်စွာဘုရား၏  တရားဒေသနာတော်များ အရှည်တည်တံ့ ပါစေခြင်းအကျိုးငှါ တရားပါဠိတော်များကို အာဂုံဆောင်ခြင်းရွတ်ဆိုခြင်း၊ ရေးဖြေစာမေးပွဲများ ကျင်းပပြုလုပ်ခြင်းတို့ကို ရွှေကျင်နိကာယအဖွဲ့မှ မြောင်းမြမြို့နယ်လုံးဆိုင်ရာအဖြစ် (၉၆) ကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မြောင်းမြမြို့နယ် အတွင်းရှိ ရွှေကျင် နိကာယ အဖွဲ့ဝင်ကျောင်းများမှ ဆရာတော် သံဃာတော်များ ကြွရောက်ဖြေဆိုကြကာ နိုဝင်ဘာ (၁၇) ရက်နေ့တွင် ဆုချီးမြှင့်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မင်း(မြောင်းမြ)

No comments:

Post a Comment