နတ်မောက် နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် နဘူးကွဲကျေးရွာအနီး
နိုဝင်ဘာလ ၂ရက် နံနက်၅နာရီ ၃၀ မိနစ် အချိန်က နတ်မောက်-ပျော်ဘွယ်ကားလမ်း မိုင်တိုင်အမှတ်၃၈/၁နှင့်
၃၈/၂အကြားတွင် ခရမ်းချဉ်သီး တင်ကုန်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ မြို့နယ်ရှိ စိုင်ကောင်းနယ်မြေရဲစခန်းမှ
သတင်း ရရှိခဲ့သည်။
ယင်းဖြစ်စဉ်မှာ ယာဉ်မောင်းဦးဝင်းမြင့် မောင်းနှင်လာသည့်
ညောင်ရွှေမြို့မှ တောင်တွင်းကြီးမြို့သို့ မောင်းနှင်လာသည့် ယာဉ်မောင်းဦးဝင်းမြင့်
ယာဉ်9j/9682titan အဖြူရောင် အမျိုးအစား ခြောက်ဘီးယာဉ်သည် ခရမ်းချဉ်သီးများ တင်ဆောင်ပြီိး
ရွှေညောင်မြို့မှ မောင်းနှင်လာစဉ် အိပ်ငိုက်၍ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်၏ညာဘက်မှန် ပျက်စီးခြင်း၊
ညာဘက်တံခါးဘောင် ပျက်စီးခြင်း၊ ယာဉ်ရှေ့မှန် ပျက်စီးခြင်း၊ ညာဘက်သစ်သားဘောင်တန်းနှင့်
သံဘောင်များ ကျိုးပဲ့ပျက်စီးခြင်းများဖြစ်ပြီး ယာဉ်မောင်းသူမှာ တစုံတရာထိခိုက်ခဲ့ခြင်းမရှိ၍
ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းဦးဝင်းမြင့်အား
စိုင်ကောင်းနယ်မြေရဲစခန်းမှ ယာဉ်(ပ)၈/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ၂၇၉အရ ယာဉ်ကို မဆင်မခြင်
မောင်းနှင်မှုဖြင့် အမူဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်း ရရှိသည်။
နတ်မောက် (ပြန်/ဆက်)
No comments:
Post a Comment