Thursday, November 3, 2016

မိတ္ထီလာကန် ရေကျော်ခုနစ်ပေါက်အနီး ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ မြောင်းကူးတံတားတိုးချဲ့  ပြုပြင်တည်ဆောက်မှု ၈၅ ရာခိုင်နှုန်းကျော် ပြီးစီး

မိတ္ထီလာ နိုဝင်ဘာလ ၃
မိတ္ထီလာမြို့ မိတ္ထီလာကန် ရေကျော်ခုနှစ်ပေါက်အနီး ရန်ကုန်-မန္တလေး ကားလမ်းပေါ်ရှိ မြောင်းကူးတံတားအား ယုဇနကုမ္ပဏီမှ တာဝန်ယူ တိုးချဲ့  ပြုပြင်တည်ဆောက်လျက်ရှိရာ ၈၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးကားလမ်းမသည် မိတ္ထီလာမြို့ တွင်းကို ဖြတ်သန်း ဖောက်လုပ်ထားခြင်းဖြစ်ပြီး  ယခုအခါ နိုင်ငံတကာ အဝေးပြေး လမ်းမကြီး အဖြစ် အဆင့်တိုးမြှင့် ဖောက်လုပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယင်းမြောင်းကူး တံတားအရှည် ပေ ၉၀ ဖြစ်ပြီး အကျယ်မှာ မူလက ၄၀ ပေခန့်သာ ရှိ၍ ယခုအခါ ထပ်မံ၍ ၂၃ ပေ တိုးချဲ့  ပြုပြင်တည်ဆောက်ခြင်း ဖြစ်သည်။
ယင်းမြောင်းကူး တံတား တိုးချဲ့ တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ အတွင်းက စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အမြန်ဆုံး တည်ဆောက်ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေး တာဝန်ခံမှ ပြောကြားခဲ့သည်။  

မိတ္ထီလာ (ပြန်/ဆက်)

No comments:

Post a Comment