Thursday, November 3, 2016

ပုလဲမြို့တွင် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲ ကျင်းပ


ပုလဲ နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်က    တိုင်းဒေသကြီးအစိုးရအဖွဲ့၊    စည်ပင်သာယာရေးဝန်ကြီး၊     လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲ ကို ကျင်းပခဲ့ကြောင်း သိရသည်။



ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က အမှာစကား ပြောကြားခဲ့သည်။ 
ဆက်လက်၍   ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ်  ဒေါ်ခင်စန်းလှိုင် နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထက်တို့က လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထိုနောက် ပုလဲမြို့နယ်စီမံခန့်ခွဲမှု ကော်မတီ    ဥက္ကဋ္ဌ    ဦးတိုးတိုးဝင်းက  ဒေသဆိုင်ရာ အချက်အလက်များကို  လည်းကောင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာ  ကဏ္ဍအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်   ဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းတင်ပြရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သတ်၍   စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့်    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဒေါ်ခင်စန်းလှိုင်တို့က သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment