Tuesday, November 22, 2016

မွန်ပြည်နယ် ဥပဒေချုပ်ရုံးနှင့် ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ် ဥပဒေရုံးများ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မော်လမြိုင်    နိုဝင်ဘာ    ၂၂
မွန်ပြည်နယ်ဥပဒေချုပ်ရုံးနှင့် ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ် ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို နိုဝင်ဘာလ(၂၂)ရက်၊ နံနက်(၉)နာရီက မွန်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မွန်ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိတို့က တရားစွဲအမှုလိုက်လုပ်ငန်း များ၊ စီမံငွေစာရင်းကိစ္စများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရန်၊ ဥပဒေရုံးများအနေဖြင့် အများပြည်သူ ယုံကြည်အားကိုးသည့် ရုံးများအဖြစ် ရပ်တည်ဆောင်ရွက်ရန်၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေအရာရှိများက ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အများပြည်သူအား ဥပဒေအရ ကာကွယ်စောင့်ရှောက်ရန် ပြောကြားပြီး တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ် ဥပဒေအရာရှိများက လုပ်ငန်းဆောင်ရွက်ချက်များအား ပြန်လည် တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment