Tuesday, November 22, 2016

မိုင်းဆတ်၌ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုစစ်တမ်းကောက်ယူရေးနှင့် ကွင်းသရုပ်ပြပွဲကျင်းပ

မိုင်းဆတ်  နိုဝင်ဘာ  ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ မိုးစပါး စိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်းကောက်ယူခြင်းရေးနှင့် ကွင်းသရုပ်ပြပွဲအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက် နံနက် ၈ နာရီက ကွင်း အမှတ်(၁၃)၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လယ်မြေ(၄)ဧက၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် အဖွင့်အမှာစကား ပြောကြားပြီး ခရိုင် စိုက်ပျိုးရေး ဦးစီးမှူး ဦးသိန်းဝင်းက မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်းကောက်ယူခြင်းရေးနှင့် ကွင်းသရုပ်ပြပွဲကျင်းပ ရသည့် ရည်ရွယ်ချက်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်လင်းက ဆင်းဧကရီ(၃)မိုးစပါးအား GAP, SRI, တိုက်ရိုက်အစေ့ချနှင့် ကြဲပက် စိုက်နည်းစနစ်(၄)မျိုးဖြင့် ယှဉ်ပြိုင်စမ်းသပ်စိုက်ကွက်အကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် တောင်သူများက စိုက်နည်းစနစ်(၄)မျိုးဖြင့် စိုက်ပျိုးထားသော ဆင်းဧကရီ(၃)မိုးစပါးစိုက်ခင်းများအား ကြည့်ရှု လေ့လာပြီး စံကွက်ရိတ်သိမ်းရာ တိုက်ရိုက်အစေ့ချစိုက်နည်းစနစ်နှင့် SRI စိုက်နည်းစနစ်အား ဒေသခံ တောင်သူများက ကြိုက် နှစ်သက် လျက်ရှိကြောင်း သိရသည်။
တိုက်ရိုက်အစေ့ချစိုက်နည်းစနစ်က ပျိုးထောင်၊ ပျိုးနုတ်၊ ကောက်စိုက်လုပ်စရာမလိုတော့ အချိန်နဲ့ငွေ ကုန်ကျစရိတ် သက်သာ တယ်၊ လယ်တစ်ဧက မျိုးစပါးတစ်တင်းကုန်ကျပြီး အထွက်နှုန်းက စပါးအခြောက် တင်း (၁၁၀)ကျော်ထွက်တယ်၊ SRI စိုက်နည်း စနစ်က လယ်တစ်ဧက မျိုးစပါးနို့ဆီ(၁၃)ဗူးဘဲကုန်ပြီး ပျိုးသက်(၁၅)ရက်နဲ့ စိုက်ပျိုးနိုင်တော့ ပျိုးခင်းမြေနေရာ၊ အချိန်နဲ့ လုပ်အား သက်သာတယ်၊ တစ်ဧက ကောက်ကွက်(၇၂၀၀၀)နဲ့ ပင်ပွားနှုန်း (၁၈)ပင်ရှိပြီး အထွက်နှုန်း စပါးအခြောက်တင်း (၉၀) ကျော် ထွက်တော့  ဒေသခံတောင်သူတွေကြိုက်နှစ်သက်ကြ တယ်ဟု မယ်ဆွမ်မြောက်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးစိုင်းစန္ဒာက ပြောကြားခဲ့သည်။


ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment