Tuesday, November 22, 2016

ချောက်မြို့နယ်၊ကြို့ပင်ကျေးရွာတွင် ၂၇ နှစ်မြောက် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူ စာချုပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကျင်းပ

ချောက်   နိုဝင်ဘာ ၂၂ ရက်
မကွေးတိုင်းဒေသကြီး၊ချောက်မြို့နယ်၊ကြို့ပင်ကျေးရွာတွင် ယနေ့နံနက် ၉ နာရီအချိန်က ၂၇ နှစ် မြောက် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူ စာချုပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကိုယင်းကျေးရွာမှ ကျောင်းသား/သူလေး များက မင်္ဂလာပါ တေးသီချင်းဖြင့် နှုတ်ဆက်ဖျော်ဖြေ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြိုနယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးသန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် world vision myanmar ဌာနေကိုယ်စားလှယ်မှ ပေးပို့သော သဝဏ်လွှာကို ချောက်မြို့နယ် world vision myanmar မန်နေဂျာ ဒေါ်ခိုင်ခိုင်ထွန်းက ဖတ်ကြားခဲ့သည်။ ယင်းနောက် ကြို့ပင်စံပြကျေးရွာ ကြယ်စင်လင်း မူကြိုကျောင်းမှ ကျောင်းသား/သူလေးများက တောင်ပေါ်ကအိမ်လေးများဖြင့် လည်းကောင်း၊တောင်တဲကြီးကျေးရွာ မူလတန်းကျောင်း KG ကျောင်းသား/သူ များက နှုတ်ဆက်ပါတယ် ကဗျာဖြင့် လည်းကောင်း၊ သာယာကုန်းကျေးရွာမှ ကျောင်းသား/သူ လေးများက ဖိုးဝ တေးသီချင်းများဖြင့် လည်းကောင်း၊ တောင်တဲကြီးကျေးရွာမှ လက်ပန်ပွင့် ကောက်တေးသီချင်း၊ ကြို့ပင်ကျေးရွာမှ အေးမြတေးသီချင်းများ ဖြင့်ကျောင်းသူ လေး များယိမ်းအဖွဲ့များက ဖျော်ဖြေကပြ ခဲ့ရာ ကျောင်းသား/သူလေးများအား အမှတ်တရလက်ဆောင် များကို တာဝန်ရှိသူအသီးသီးတို့က ပေးအပ် ချီးမြှင့်ပေးခဲ့သည်။
ဒုတိယပိုင်းအနေဖြင့် ယင်းကျေးရွာ ၃ ရွာများမှ ကျောင်းသား/သူလေးများက တေးသရုပ် ဖော်များ၊ ပြဇာတ်များဖြင့် တင်ဆက်ယှဉ်ပြိုင်ကြရာ ဆုရရှိသူ ကျောင်းသား/သူလေးများကိုလည်း တာဝန်ရှိသူအသီးသီးက ဆုများပေးအပ် ချီးမြှင့်ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းအောင်မှလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်အား ကုလသမဂ္ဂ အထွေထွေညီလာခံမှ လက်ခံ အတည်ပြုခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နေ့ကို နိုင်ငံတကာကလေးများနေ့အဖြစ် သတ်မှတ်ကာ မြန်မာနိုင်ငံ အနေနှင့် ၁၉၉၁-ခုနှစ်၊ဇူလိုင်လတွင် ပဋိညဉ် စာတမ်းကို လက်မှတ်ရေးထိုးခဲ့ ပါတယ်၊ ကလေးများရဲ့မွေးရာပါ အခွင့်အရေး တွေဖြစ်တဲ့ ရှင်သန်ရပ်တည်ခွင့်၊ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်၊ ပညာသင်ကြားခွင့်၊ ပျော်ရွှင်စွာကစားခွင့်၊ မိသားစုနှင့်အတူနေထိုင်ခွင့်၊ နှိမ်ချ ဆက်ဆံခြင်းမှ ကင်းလွတ်ခွင့်နှင့် သူတို့၏ ထင်မြင်ယူဆချက်များကို ဖော်ထုတ်ပိုင်ခွင့်များကို ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ပဋိညဉ်စာတမ်းက ကာကွယ်စောင့်ရှောက်ပေးမှာဖြစ်တယ်ဟု World Vision Myanmar မှ မန်နေဂျာ ဒေါ်ခိုင်ခိုင်ထွန်း ပြောကြားချက်အရ သတင်းရရှိသည်။

ချောက် (ပြန်/ဆက်)

No comments:

Post a Comment