Monday, November 7, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘယ်လ်ဂျီယံနိုင်ငံသို့ ရောက်ရှိ

နေပြည်တော် နိုဝင်ဘာ ၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ဥရောပသမဂ္ဂကာကွယ်ရေးဦးစီးချုပ်များ၏ စစ်ဘက်ဆိုင်ရာကော်မတီ အစည်းအဝေး (European Union Military Committee-EUMC Meeting )သို့ တက်ရောက်ရန် ယမန်နေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာပြီး ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ Zaventem အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိရာ လေဆိပ်၌ ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးပေါ်လွင်စိန်နှင့် တာဝန်ရှိသူများက ကြိုဆိုကြကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment