Monday, November 7, 2016

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၆၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

တိုက်ပွဲများဖြင့်ယမ်းငွေ့ဝေခဲ့သော ကရင်ပြည်နယ်သည် မကြာခင်ကာလတွင် စက်ရုံ၊ အလုပ်ရုံများဖြင့် စည်ပင်လာတော့မည်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၆၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ရက်)
ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများ ခင်ဗျား။
ယနေ့ နိုဝင်ဘာလ ရက်နေ့တွင် ကျရောက်သော (၆၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခွင့်ရသည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါသည်။ ယနေ့ချိန်ခါသည် ကရင်ပြည်နယ် အတွင်း မှီတင်းနေထိုင်ကြ
သည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ နေ့ထူးနေ့မြတ်အဖြစ် အသိအမှတ် ပြုထားသည့် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ကရင်ပြည်နယ်နေ့ ဖြစ်ပါသည်။ ဤနေ့ထူး နေ့မြတ်ဖြစ် သည့် ကရင်ပြည်နယ်နေ့တွင် ကရင်ပြည်နယ်၌ နေထိုင် ကြသည့် ကရင်တိုင်းရင်းသားများ၊ နိုင်ငံတစ်ဝန်းလုံးတွင် ပျံ့နှံ့နေထိုင်လျက်ရှိသော ကရင်တိုင်းရင်းသားများနှင့်တကွ ပြည်ထောင်စုဖွားတိုင်းရင်း သားများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းဖြင့် နှုတ်ခွန်းဆက်သအပ်ပါသည်။
 မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြည်နယ် /တိုင်းများ ဖွဲ့စည်းတည်ထောင် ရာတွင် ကရင်လူမျိုးများ နေထိုင်သော ဒေသများကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ရန် ပါလီမန်တွင် ထည့်သွင်းစဉ်းစားလာကြပြီး ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက်အက် ဥပဒေအရ သံလွင်ခရိုင် ဖာပွန်ဒေသကို ကရင် ပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပါသည်။ ၁၉၅၂ ခုနှစ်၊ ကရင်ပြည်နယ် တိုးချဲ့ သတ်မှတ်ရေး အက်ဥပဒေအရ သံလွင်ခရိုင်နှင့်ဆက်စပ်ဒေသဖြစ်သည့် ကြာအင်းဆိပ်ကြီး မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဘားအံမြို့နယ်နှင့် သံတောင်မြို့နယ် တို့ကို ကရင်ပြည်နယ်အဖြစ် ဒုတိယအဆင့် တိုးချဲ့သတ်မှတ်ခဲ့ပါသည်။ ၎င်းနောက် ၁၉၆၀ ပြည့်နှစ် မတ်လ ရက်နေ့တွင် မြ၀တီကို မြို့နယ်တစ်ခုအဖြစ် သတ်မှတ်ပြီး ကရင်ပြည်နယ် ကို ဘားအံမြို့နယ်၊ ဖာပွန်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ သံတောင်မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်နှင့် မြ၀တီမြို့နယ်ဟူ၍ မြို့နယ် ပေါင်း ခုနစ်မြို့နယ်ဖြင့် အဆင့်ဆင့်ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ ထိုကဲ့သို့ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ရန် ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပြင် ဆင်ချက်အက်ဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးသော နိုဝင် ဘာလ ရက်နေ့ကို ကရင်ပြည် နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှစတင်၍ ကရင်ပြည်နယ်နေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၆၁) နှစ်မြောက်ခဲ့ပြီဖြစ်ပါသည်။
သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် ကိုလိုနီနယ်ချဲ့တို့၏ ကျူးကျော်မှု ကြောင့် အမိနိုင်ငံတော်ကြီး လွတ်လပ်ရေးဆုံးရှုံးခဲ့ရပါသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း တိုင်းရင်းသားညီအစ်ကို မောင်နှမ များအကြား သံသယနှင့် ပဋိပက္ခများ နှစ်ရှည်ကြာစွာဖြစ်ပေါ်ခဲ့မှုကြောင့် မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်တွင် အိမ်နီးချင်းနိုင်ငံများထက် နောက်ကျခဲ့ရပါသည်။ ထို့ကြောင့် မိမိတို့အစိုးရသစ် အနေဖြင့် တိုင်းရင်းသားပြည်သူများ မျှော်လင့်တောင့်တခဲ့ရသော အမျိုးသားပြန် လည်သင့်မြတ် ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေး နိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင် လုံကို စတင် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား။ ကရင်ပြည် နယ် အတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများသည် ခက်ခဲ ကြမ်းတမ်းသည့် ခရီးလမ်းကို ကာလရှည် ကြာစွာ ဖြတ်သန်းခဲ့ကြရပါသည်။ တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်း ယုံကြည်မှုအား နည်းခဲ့ကြပြီး လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ရသည့်အတွက် ကရင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု အားနည်း ခဲ့ရပါသည်။ စစ်ဘေးစစ်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသော ဆုံးရှုံးမှုများသာမက နှစ်ပေါင်းများ စွာအတွင်း မျိုးဆက်အလိုက် လူငယ်များ၏ အနာဂတ်များ ဆုံးရှုံးခဲ့ရ သည်မှာ ပိုမို၍ပင် ဝမ်းနည်းဖွယ်ရာအတိ ဖြစ်ခဲ့ရ ပါသည်။ ယနေ့အချိန်တွင် ကရင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပြည်ထောင်စု ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာခြင်းကြောင့် ပြည်နယ်သူ ပြည်နယ်သားများ အနေဖြင့် ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ရရှိခံစားနေကြရပြီ ဖြစ်သလို ဖွံ့ ဖြိုးတိုးတက်မှု အခွင့်အလမ်း သစ်များလည်း ရရှိနေပြီဖြစ်ပါသည်။
တစ်ချိန်က တိုက်ပွဲများဖြင့် ယမ်းငွေ့ဝေခဲ့သော ကရင်ပြည်နယ်သည် မကြာခင် ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများဖြင့် စည်ပင် လာတော့မည်ဖြစ်ရာ ရှေ့ကို မျှော်ကြည့်လျှင် အမှန်ပင် အားတက်ဝမ်းမြောက်ရပါသည်။ များမကြာခင် ကာလများ အတွင်း ကရင်ပြည်နယ်၌ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ် နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းကောင်းများ ကြားသိရသည့်အတွက်လည်း များစွာဝမ်းမြောက် ဂုဏ်ယူမိပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ ဖြိုး တိုးတက်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ရာတွင် တိုင်းရင်းသားအားလုံး တန်းတူရည် တူပါဝင်ဖော်ဆောင် နိုင်ရေးသည် အထူး အရေးကြီးလှပါသည်။ ပြည်ထောင်စု၏ နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းစွာ ဆွေးနွေး ညှိနှိုင်းအဖြေရှာသော နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် မိမိတို့အားလုံး မျှော်မှန်းသော ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အခြေခံမူဝါဒများထွက်ပေါ်လာမည်ဟု အခိုင်အမာ ယုံကြည်ထား ပါသည်။ ငြိမ်းချမ်း ရေးခရီးလမ်းကို သတ္တိရှိရှိ၊ အမြော်အမြင်ပြည့်ပြည့်၀၀ဖြင့် လျှောက်လှမ်း ခဲ့ကြသော ကရင်တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးအနေဖြင့် ရှေ့သို့ဆက်၍လည်း အမျိုးသားပြန် လည်သင့်မြတ်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ခေတ်မီဖွံ့ဖြိုးရေးတို့တွင် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းပူး ပေါင်းပါဝင်ဆောင်ရွက်သွားကြပါရန် တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာပေးပို့လိုက်ပါသည်။
 (ပုံ) ထင်ကျော်

 နိုင်ငံတော်သမ္မတ

No comments:

Post a Comment